part-18

9.9K 988 17
                                    

Baku ကို မြင်းပေါ်တင်ပြီး Asho နဲ့အတူ Seri အိမ်ပြန်လာခဲ့တယ်

Asho ဟာ မြင်းအနက်ကြီးပေါ်မှာ ခန့်ညားစွာ တည်ရှိနေပြီး Seri နဲ့ Baku ရှိနေသော မြင်းကို လှည့်မကြည့်ပေ

Asho ဟာ ကိုယ်ထည် ခန့်ညားပြီး နွေဦးလို မနက်ခင်း၏ နေရောင်အောက်မှာ အလွန်ကြည့်ကောင်းလှတယ်

"Baku ချမ်းလို့လား~~"

Seri အသံကြောင့် Asho ငုံ့ကြည့်လိုက်တယ်

Baku ဟာ Seri ရင်ခွင်ထဲမှာ အေးလွန်းလို့ တုန်ယင်နေတယ်

ပန်းနုရောင်ပန်းပွားလေးများပါသော အကျီနှင့်မလိုက်ဖက်သော ဆံပင်စုတ်ဖွားဖွားနှင့် ရုပ်ဆိုးဆိုး ပြူးတူးတူးကောင်လေး Baku--

ဒီ ရွံစရာ ကောင်လေးကို သူ့အနားမှာ တစ်သက်လုံး ချစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ

ဒါပေမယ့် အခုတော့ သူနှင်ထုတ်လိုက်တဲ့ အတွက် အပြစ်အနည်းငယ် ရှိနေတယ်

Baku တစ်ခုခုဖြစ်လျှင် သူ့အဖေ Seisho သူ့ကိုသတ်လိမ်မယ်

Asho လှမ်းပြောလိုက်တယ်

"ဒီကိုလာ~~ ဖက်ထားပေးမယ်"

Baku ဟာ Asho ကို ကြောက်လို့ Seri ပြန်ဖက်ထားတယ်

ထို့နောက် Seri ရင်ခွင်ထဲကနေ Asho ကို မျက်လုံးလေး ပြူးပြီးပြန်ကြည့်နေတယ်

"ဒီကိုလာလို့ ပြောနေတယ်!!"

Baku ဟာ Asho ထံ မသွားချင်သဖြင့် Seri အား မျက်နှာငယ်လေးဖြင့် ပြန်မေ့ာကြည့်တယ်

Seri ပြုံးပြလိုက်တယ်

"Baku အဆင်ပြေတယ်-- မ-- မချမ်းတော့ဘူး--"

Asho က စိတ်မရှည်စွာ Baku ကို Seri မြင်းပေါ်က လက်နှစ်ဖက်နဲ့ ဆွဲယူပြီး သူ့မြင်းပေါ်တင်ထားလိုက်တယ်

"on-

Baku ဟာ Seri ထံမှ Asho ဆီရောက်သွားပြီး ရင်ခွင်ထဲမှာ အနောက်ပြန်ထိုင်ကျသွားတယ်

တောက်တဲ့လေးလို ကပ်နေတယ်

"ငြိမ်ငြိမ်နေ!"
"သေချာကိုင်ထား"
"ပြုတ်ကျရင် ပြန်မကောက်ဘူး ထားခဲ့မှာ"

Asho အိမ်မြန်မြန်ပြန်ရောက်အောင် မြင်းကို ခပ်သွက်သွက်လေး နှင်လိုက်တယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now