part-38

10.4K 1.1K 57
                                    

Asho ဆောင်ကြာမြိုင်ကြီး အတွင်းရှိ MaKu ၏ နေအိမ်အခန်းကြီးထဲ လှည့်ပတ်ကြည့်နေပါသည်

Maku ဟာ အိမ်တော်ကြီးကို အနောက်ဘက်ထားကာ အရှေ့၌ လိင်လုပ်သားများနေထိုင်သည့် အဆောင်ငယ်များ ကာရံထားသည်

အဆောင်ငယ်များဟု ဆိုသော်လည်း နှစ်ထပ်အိမ်ဆောင်ကြီးလို့ ပတ်ပတ်လည် အကြီးကြီးပါ

သူ့ကိုယ်ပိုင် နတ်ဗိမ္မာန်မှာ နတ်သူငယ်လေးများ ခြံရံထားသလိုမျိုး Maku ဟာ သူ့ဝန်းအိမ်တော်၌ လှပသော ပန်းပင် ပန်းခင်းများနှင့် တောက်ပသော လုပ်သားအဆောင်များကို ခန်းခန်းနားနား တည်ဆောက်ထားပါသည်

အိမ်တော်ကြီး၏ အနောက်ဖက်၌ တောအုပ်ကြီးနှင့် တောင်တန်းကြီး ရှိသည်

ထိုတစ်ဖက်၌ အထက်တန်းလွှာများနေထိုင်ကြပြီး Pacilo လည်း ရှိသည်

အလိုရှိသည့် ပစ္စည်း ပစ္စရာ အဝ ဝ ကို လိင်လုပ်သားတို့ရှိရာ စည်ကားသော ထိုမြို့တော်၌ လာရောက်ပြီး ကုန်သည်တို့ထံ ဝယ်ယူနိုင်သည်

အလွန်စည်ကားပြီး သန့်စင်သော အစေခံများနှင့် အရည်သွေးမြင့် အစေခံများ မွေးထုတ်ရာ Grafity လည်း အခြေစိုက်တည်ထောင်ထားသည်

သောက်စားမူးယစ် ပျော်ပါးမှု အကောင်းဆုံးဖန်တီးနိုင်သည့် Defulo ၏ ဒုတိယ တော်ဝင်မြို့တော်ကြီး တစ်ခုပါ

သို့သော် Asho မနှစ်သက်ပါ
Asho ဟာ တော်ဝင်Sia-Shoyu မိသားစုများနှင့် လိင်ကျွန်များကို လွန်စွာ ရွံပါသည်

ထို့ကြောင့် ငယ်ငယ်ကတည်းက ထိုမြို့ကို အကြိမ်များစွာတိုင် မလည်ပတ်ခဲ့ပါ

ထို့ကဲ့သို့သော မြို့တော်မှာ Maku ဟာ လုပ်သားများကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာလည်း Asho နားမလည်ပါ

လုပ်သားများဟာ Maku အစီအစဉ်အတိုင်းသာ ဧည့်သည်များနှင့်တွေ့ရသည်~~  ကြုံသလို မတွေ့ရဘူးဆိုတာတော့ သိခဲ့ဖူးသည်

သူ့၏ လုပ်သားများကို တန်ဖိုးထားပြီး အထက်တန်းလွှာများသာ လာရောက်ပျော်မြူးနိုင်တာမို့ သူ့အိမ်တော်က လိင်လုပ်သားများကို တော်ဝင်ပန်းကလေးများဟုပင် တင်စားကြသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားजहाँ कहानियाँ रहती हैं। अभी खोजें