ဒန်နီရယ့် လည်တိုင်ဖြူဖြူကနေ ရေတွေလျှောဆင်းသွားတိုင်း လည်စိလေးလှုပ်နေတာကိုပင် ဘာရယ်မဟုတ် ကျွန်တော် အသေးစိတ် ငေးကြည့်နေမိသည်။
တော်တော်အသားဖြူတဲ့ကောင်ဟု တွေးလိုက်ပြီးကိုယ့်လက်ကို ပြန်ကြည့်မိတော့ ကျွန်တော်လက်တွေသည် ဒန်နီရယ့် လက်တွေလို ဖွေးဆွတ်မနေပါ။
ဟုတ်ပါရဲ့ကချင်သွေးပဲပာတဲ ကျွန်တော်က ဘိုကပြား တစ်ယောက်ကိုတော့ ဘယ်မှီနိုင်လဲ။
" ငါ ညနေ အပြင်ခဏသွားမယ်နော် မင်းအတွက်ဆေးဝယ်ဖို့ ငါဆေးရုံသွားရမယ် ဆေးတွေကုန်နေပြီ "
အန်တီ ကမနက်ကတည်းက ဆေးရုံသွားပေးဖို့မှာထားတာမို့ သူ ဒန်နီရယ့် ကို ပြောလိုက်သည်။
ခွင့်တောင်းတာတော့မဟုတ် ။အသိပေးလိုက်ခြင်းပင်။
ဒန်နီ့ရယ့်အတွက်ကတော့ တစ်ပတ်တစ်ခါ Family Doctor က ကြည့်ပေးတာရယ်မို့ ဆေးရုံတော့သိပ်မသွားဖြစ် ။
ဆေးရုံဆေးခန်းမုန်းသော သားအတွက် အန်တီသည် ဒန်နီရယ့်ကို ဆေးရုံဆေးခန်းနဲ့ ဝေးနိုင်သမျှဝေးပြီး စိတ်ချမ်းသာအောင်သာ အမြဲထားပါသည်။ လူမမာတစ်ယောက်လို သားကို ဘယ်တော့မှ မဆက်ဆံချင်သည့် စိတ်ဓါတ်ခိုင်မာသည့် မိခင်မျိုးဖြစ်သည်။
လိုအပ်လျှင်တော့ ဒန်နီရယ်ပြနေကျ စင်ကာပူကဆေးရုံ တစ်ခုကိုသာ သုံးလခြားတစ်ခါလောက်သွားပြတတ်တာဖြစ်ကြောင်း အန်တီကသူ့ကိုအသိပေးထားခဲ့ပြီးသားပင်။
" ငါ လိုက်ချင်တယ် "
သူအံသြသွားသည်။ အန်တီပြောပြချက်အရ လွန်ခဲ့တဲ့ခြောက်လလုံး ဒန်နီရယ်သည် အိမ်ထဲက အိမ်ပြင်တစ်ခါမှ မထွက်ဟုသာ သူသိထားသည်။
" မင်းတကယ်ပြောနေတာလား ဒန်နီရယ် "
သူ မယုံနိုင်စွာပင် ဒုတိယအကြိမ် ပြန်မေးမိသည်။
"ငါ အပြင်ထွက်ချင်တာ မင်းအတွက်သိပ်ထူးဆန်းနေလားဆွတ်ရိန် ဒီအခန်းကျဉ်းထဲမှာ ငါတစ်ယောက် တည်း ဖြတ်သန်းလာတာ ခြောက်လလောက်ရှိပြီ တစ်ခါတစ်လေတော့လည်း လမ်းပေါ်ကတွေ့သမျှ ကောင်မလေး လှလှလေးတွေကို အရသာခံရင်းနဲ့ ငါ့အချိန်တွေကို ကုန်ဆုံးဦးမလားလို့လေ"
YOU ARE READING
Way to the stars [Completed] Z+U
Romanceဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်ကိုပြေးပြေး ကျွန်တော့်ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ 🌻
Part - 3 ( Zawgyi)
Start from the beginning