Part - 3 ( Zawgyi)

Start from the beginning
                                    

သို့သော် ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ကြည့်ကောင်းနေဆဲ ဖြစ်သည်။ နဂိုပါးသောဆံပင်ကို ကျွန်တော် အထင်လွဲမိတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲ ။

ဖြူနုသောအသားပေါ်မှာ အတိအရိထင်းနေတဲ့မျက်ခုံး ၊ အနောက်တိုင်းသားတွေလို တဖြောင့်တည်း စင်းနေတဲ့ နှာတံ၊ပင်ကိုသွေးရောင်သန်းနေတဲ့ နှုတ်ခမ်းရဲရဲပေါ်က စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးတွေက
ယောက်ျားဆန်မှုကို ပို၍ ပံ့ပိုးနေတာမို့ ဒန်နီရယ်ဟာ လူချောတစ်ယောက်ဆိုတာကိုတော့ လက်ခံရပေမည်။

ဒန်နီရယ်၏ မျက်နှာကျသည်လည်း ရှည်ပြီးသွယ်လျကာ ကြည့်ကောင်းသည့် မျက်နှာပုံစံမျိုးဖြစ်သည်။

ကြောက်စရာရောဂါဆိုးကြီးကသာ သေမိန့်ချမထားခဲ့ရင် ဘယ်လောက်တောင် ကံကောင်းမှုတွေနဲ့ပြည့်စုံတဲ့လူငယ်လေးဖြစ်လိမ့်မလဲ.....

ဒန်နီရယ် မှေးနေတော့ ကျွန်တော်လည်း စကားဆက်မပြောဖြစ်တော့။ ကျောပိုးအိတ်ထဲမှာပါလာသော ဟိုတလောကနာမည်ကြီးသွားသည့် ချမ်းမြေ့ဝင်းဘာသာ ပြန်ထားတဲ့ ဂရုမစိုက်ခြင်း အနုပညာ ဆိုသည့် စာအုပ်ကို ကောက်ဖတ်နေလိုက်သည်။

ဒီကနေ ဒန်နီရယ့်ကိုအားပေးဖို့ အတွေးအခေါ်တစ်ခုတော့ရကောင်းပါရဲ့...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဆွတ်ရိန်......"

ဒန်နီရယ် ရဲ့လေသံတိုးတိုးကြားမှ ကျွန်တော်မှေးနေရာကနေ ဆတ်ခနဲ ဖြစ်သွားသည်။

နားကြားများမှား သလားဟုတောင် ထင်မိသွားသည်။

ဒန်နီရယ့် နှုတ်ဖျားကနေ" ဆွတ်ရိန် "ဟု ပထမဆုံးအကြိမ်ခေါ်ဆိုလာခြင်းအတွက်ကျွန်တော်ဒီလောက်တော့ စိတ်မလှုပ်ရှားသင့်။

တကယ့်တော့ ဒန်နီရယ် ဆေးသွင်းနေတာကိုစောင့်ရင်း ကျွန်တော် ငိုက်မြည်းသွားတာပဲ ။

" ငါ ရေဆာတယ် "

ကိုယ့်ဘာသာထသောက်ပါလားဟု ကျွန်တော် ပြန်မပြောလိုက်မိခင်မှာပဲ ဒန်နီရယ့် လက်တွေဟာ ဆေးသွင်းရင်းတန်းလန်းဖြစ်နေတာပြန်သတိရသွားသည်။

ထို့နောက် ရေခဲ့သေတ္တာထဲက ရေဖူးတစ်ဖူးယူကာဒန်နီရယ့်ကို လှမ်းပေးလိုက်သည်။

 Way to the stars [Completed] Z+UWhere stories live. Discover now