Asho Bakuအား ချစ်​မြတ်​နိုးစွာ ဖက်​ထားလိုက်​သည်​

"အခု​တော့ အဲ့ဒါ​တွေက ပုံပြင်​လိုပါပဲ"
"Defulo​တောင်​တန်းကြီး​အောက်​က အဲ့​လောက်​အ​ဝေးကြီး​နေရာကို ဘာမှမရှိလို့ ဘယ်​သူမှမသွားကြပါဘူး"

ထို့​နောက်​ရုတ်​တရက်​မိုးစတင်​ရွှာရန်​ပြင်​လာသည်​

Asho​ကောင်းကင်​ကို ကြည့်​ကာ​ပြောလ်ုက်​သည်​

"​နေ​ရောင်​ပျောက်​သွားပြီ!!"
"ငါတို့ ဒုက္ခ​ရောက်​ပြီ ထင်​တယ်​"

Asho ဟာ Baku လက်​ကို ဆွဲလိုက်​သည်​

"ငါတို့ လှိုဏ်​ခေါင်းထဲဝင်​ပြီး မိုးခဏခိုရ​အောင်​!!"
"လထွက်​လာမှ အ​စေခံ​တွေ ဝင်​ထွက်​ကြတဲ့ အ​ပေါက်​က ပြန်​ဝင်​ကြမယ်​"

××××××

မိုးများသည်းသည်းမည်းမည်း ရွာ​သော အချိန်​----
တစ်​လောကလုံး​မှောင်​မိုက်​နေသည်​---

​လေ​အေးများ ပြင်းစွာတိုက်​နေသည်​---
လျှပ်​စီးများနှင့်​အတူ​ကြောက်​မက်​ဖွယ်​ရာပါ---

Ashoနှင့်​Baku လှိုဏ်​ခေါင်း​လေးထဲ ဝင်​နေသည်​

Baku ဟာ ချမ်းသဖြင့်​Asho ရင်​ခွင်​ထဲမှာ​ခွေပြီး ကပ်​နေသည်​

"Asho~~
"Baku ချမ်းတယ်​

Ashoဟာ Bakuကို သူ့ကိုယ်​ပေါ်က အနက်​ရောင်​သိုး​မွှေး ဝတ်​ရုံလွှာများကို ချွတ်​ပီး Bakuအား အုပ်​ပေးထားသည်​

"အရမ်းချမ်း​နေလို့လား"

"Omm"

Baku ၏ နှုတ်​ခမ်း​လေးများ တုန်​နေပါပြီ

ထို့​နောက်​Asho ဟာ လှိုဏ်​ခေါင်းကျဉ်းကျဉ်း​လေး၏ အတွင်းဘက်​ခြမ်းမှာ သစ်​ရွက်​ခြောက်​လေးများကို စုပုံပြီး​ကျောက်​တုံးနှင့်​မီးခတ်​ကာ မီး​မွှေး​ပေးသည်​

ထို့​နောက်​Baku ကို မီးပုံဘက်​ခြမ်းထားပြီး ပိုပြီး​နွေး​အောင်​ရင်​ခွင်​ထဲ ဖက်​ထား​ပေးလိုက်​သည်​

ခဏအကြာ Bakuဟာ Asho၏ ရင်​ဘက်​နွေး​နွေးကြီးထဲမှာ ငြိမ်​သွားသည်​

မီးပုံဟာ​ကြာရှည်​စွာ မ​တောက်​လောင်​ပါ

​တော်​သေးတာက မိုး​ရေများ​မြေနိမ့်​ပိုင်းကို စီးပြီး တံတိုင်းကြီး၏ လှိုဏ်​ခေါင်း​ပေါက်​လေးအတွင်း စီးမလာပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားOnde as histórias ganham vida. Descobre agora