Maku ဟာ အလှပနှင့် ကုတင်ထက်က လုပ်ငန်းစဉ်ကို အထောက်အပံ့ ဆေးဝါးများလည်း ဖော်စပ်သည့် နေရာမှာ အထူးကျွမ်းကျင်ပြီး ဈေးကြီးစွာနဲ့ ရောင်းချပါသည်

Maku ၏ ဆေးဝါးများကို အသုံးပြုလျှင် ဘဝအသစ်တစ်ခုပင် ပြန်လည်ရှင်သန်နိုင်လိမ့်သည်ဟု ကျော်ကြားသည်

ထိုနေရာမျိုး၌ မည်သူကို မည်ကဲ့သို့ စေခိုင်းရမည်ကိုလည်း လွန်စွာ ကျွမ်းကျင်ပါသည်

အလွန်ဈေးကြီးပြီး အကောင်းမွန်ဆုံး စိတ်ခံစားချက်များကို ထုတ်ဖော်ရာနေရာတစ်ခုလို အထည်ဝါဆုံး လုပ်သားအိမ်တော် တစ်ခုဖြစ်သည့်အလျောက် Maku၏ စံအိမ်တော်ဟာ လွန်စွာ ထင်ရှားပါသည်

Maku ဟာ Grafity သို့ရောက်လာသည့် သန့်စင်ငယ်ရွယ်သော အစေခံများကို ဝယ်ယူပြီး မွေးမြူထားသည်

အချိန်ကြာလာသောအခါ ထိုလုပ်သားလေးများက အရှေ့က လုပ်သားများ၏ နေထိုင်မှုပုံစံကို သဘောကျတတ်လာမည်

အဆင့်အတန်းတွေ ဘာညာသရကာတွေ မတွေးနိုင်တော့ဘဲ ပင်ပန်းညစ်ပတ် ဆင်းရဲသော အစေခံဘဝကို စွန့်လွှတ်ချင်လာမည်

ထို့ကြောင့် လိင်လုပ်သားဘဝခံယူစေဖို့ Maku အတွက် စကားတွေအများကြီးပြောပြီး အတင်းအကျပ်ခိုင်းစရာမလိုပါ

Baku လေးကိုပင် လိင်လုပ်သားအဖြစ် ခိုင်းစေဖို့ ရည်ရွယ်ထားသေးလားတောင် မသိ~~~

ထူးခြားသည်က Maku ဟာ တစ်ကိုယ်တည်းသမားပါ

လိင်လုပ်သားများကိုလည်း သူအသုံးတော်မခံလေ့ မရှိသလို ကြင်ယာတော်လည်း မရှိပါ

Asho ငယ်ငယ်ကတည်းက Maku ဟာ အခုချိန်ထိ ထိုလုပ်ငန်းကိုပဲ Defulo မှာ စွဲစွဲမြဲမြဲ လုပ်ကိုင်လာသည်မှာ Asho စံအိမ်ကြီးကို မီးမြိုက်လိုက်သည့် အချိန်ကတည်းက ဖြစ်သည်

အစေခံထက် နိမ့်ကျသော Defuloမှ အောက်တန်းလွှာ လူတန်းစား စာရင်းဝင် ဖြစ်နေသော်လည်း Maku ဟာ အဘက်ဘက်မှ ဝင်ငွေရှိပြီး အထက်တန်းလွှာ တစ်ယောက်ကဲ့သို့ပင် ပြည့်စုံချမ်းသာပါတယ်

ယခုပင်လျှင် မိမိတစ်ခါမှ မမြင်ဖူးသည့် တန်ဖိုးကြီး ပန်းချီကားများကိုတောင် အိမ်တော်တွင်း၌ Asho တွေ့နေရသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now