Asho ကြောင့် ဝမ်းနည်းသွားရသော Baku လေးကို ထိုဝမ်းနည်းမိခြင်းက အပြစ် ဖြစ်စေပြန်ပြီလား

Asho ဟာ ထိုကိစ္စအတွက် စိတ်ခုနေလောက်ပါပြီ

Baku လေး ငိုကြွေးခြင်းက အရေးမကြီးပေမယ့် Asho စိတ်ခုနေခြင်းကတော့ အရေးကြီးနိုင်သည်

အားလုံး လှည့် မဲ ခံရတော့မည်

Asho ထွက်သွားသောအခါ Xi ဟာ Moshi ပြောတယ်

"Moshi~~"

"ဟုတ်ကဲ့ပါ~~ ကြင်ယာတော် Xi"

"အပြင်မှာ ဘာတွေဖြစ်ခဲ့သေးလဲ"

"အဲ့ဒါက-- "

"အခုချက်ချင်း ငါ့ကိုပြောပြ!!!"

"--- ထုံးစံအတိုင်းပါပဲ ကြင်ယာတော် Xi~~"
"Asho က-- Baku ကို ကြင်ကြင်နာနာ မရှိပါဘူး"

Moshi ဟာ ကြင်ယာတော် Xi ကို တစ်ခွန်းတည်းသာ ပြန်ဖြေပြီး ခေါင်းလေးငုံ့သွားတယ်

"Asho ကြောင့် Baku လေး ငိုရပြန်ပါတယ်~~"

"ကျစ်!!"
"ဒီကောင်လေးကို ဘယ်လိုလုပ်ရမလဲ မသိဘူး"

Xi စိုးရိမ်စွာ မေးလိုက်မိတယ်

"Baku ကို ရိုက်သေးလား??"

"ကလေးကို နာကျင်အောင်တော့ Asho တစ်ခါမှမလုပ်ဖူးသေးပါဘူး"

"အဲ့လို မလုပ်စေနဲ့နော်~ Moshi"
"သေသေချာချာလေး အနားမှာ စောင့်ကြည့်ပေးနေ"

"ဟုတ်ကဲ့ပါ ကြင်ယာတော် Xi~~"

×××××

နေ့လည်ခင်းး နှင်းများကျချိန်---

Asho ဟာ Baku ကို စောင့်ရင်း ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေတယ်

Moshi ဟာ Asho ဘယ်အချိန်ထအော်မလဲ စောင့်ရင်း အနားမှာ ပြာယာခတ်နေတယ်

"ကလေး မလာသေးဘူးလား::::"
"သခင်လေး စောင့်နေတယ်!!"

"လာတော့မှာပါ~~"
"အေးမှာစိုးလို့ အကျီသေချာ ရွေးပေးနေလို့ပါ"

"မြန်မြန်လုပ်လို့ သွားပြောလိုက်:::::"

"ဟုတ်ကဲ့~~"

ထို့နောက် Baku ဟာ ဆောင်းဝတ်ရုံအဖြူလေး ခြုံပြီးအပြင်ထွက်လာတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now