ထို့အပြင် Baku လေးဟာ အစေခံများအဆင့်တွင် မည်သူမှ တပ်မက်ခဲ့ခြင်းမရှိသည့် Grafity ၏ ချောင်ထိုးခံ အစေခံအဆင့်သာသာလေးဖြစ်နေသည်

အစေခံဆိုသည်ထက် ပိုမိုနိမ့်ကျသည့် အပြင် မည်သည့် အရည်အသွေးမှ မရှိသော ထိုအစေခံငယ်လေးကို မဖြစ်မနေမို့သာ Asho ဟာ ကြင်ယာတော် ကောက်ယူထားရသည်

အစကတည်းက နည်းနည်းလေးမှ ကြင်နာမည့်ပုံလည်း မပေါ်ခဲ့ပါ

အခုချိန်မှာလည်း Asho ဟာ Baku ကို တစ်ခုခု လုပ်လာပြန်ပြီ ထင်သည်

Baku ကို မြင်လိုက်တိုင်း Asho ဘေးမှာ မတ်တပ်လေးရပ်ကာ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်နဲ့ ငြိမ်နေတတ်ပြီး Asho မျက်နှာဟာလည်း အချိန်တိုင်း သာမန်ထက် တင်းမာနေပါတယ်

Baku လေးဟာ မိမိအတွက် အရေးမပါသည့် သူပါလို့ ကိုယ်တိုင် ဖွင့်ပြောခြင်းလည်းခံရသလို ထိုစကားအတွက် ဝမ်းနည်းလျှင်လည်း အဆူခံရမှာကိုတောင် ကြောက်နေသူလေးပါ

ထို့နောက် အချိန်တစ်ခုအကြာ Asho အစား Baku ဟာ Xi ကို ပြန်ဖြေလိုက်သည်

"A-- "
"Asho က Baku ကို နန်းတွင်းထဲ လိုက်ပြပါတယ်"

ထစ်အနေသော Baku အသံလေးအတွက် Xi စိတ်မကောင်းစွာပင် ပြန်ပြုံးပြလိုက်တယ်

"ဟုတ်လား~~
"နန်းတွင်းကြီးထဲ လိုက်ကြည့်ရတာ Baku လေး ပျော်ခဲ့လား"

"omm~~"
"ပျော်ခဲ့ပါတယ်"

"နောက်တစ်ခါ သွားချင်တဲ့ နေရာရှိရင် ပြောနော်~~
"Asho ကို လိုက်ပို့ခိုင်းလို့ရတယ်

ထို့စကား၏ အဆုံးမှာ Baku ၏ မျက်လုံးလေးများ စိုးရိမ်စွာ လှုပ်ရှားသွားသလို Asho ၏ ခပ်တည်တည် မျက်လုံးများဟာလည်း ပုံစံမပြောင်းပါ

"သခင်လေး ပင်ပန်းလာတယ် ထင်တယ်"
"နားလိုက်ပါဦး သခင်လေး"

အနားမှ Moshi အသံကြားသောအခါ Asho ဟာ Xi ကို ဦးညွှတ်ပြီး Baku နှင့်အတူ ပြန်ထွက်သွားတယ်

"Baku ကို ခွင့်ပြုပါဦး"

"inm~~"
"ကောင်းကောင်းနား~~"

ထို့နောက် Baku ဟာ Asho အနောက်ကို ခပ်သွက်သွက်လေး ပြေးလိုက်သွားတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားHikayelerin yaşadığı yer. Şimdi keşfedin