"နောက်မှ ထပ်ငိုရင် ငါ မင်းကို ရေကန်ထဲ ကန်ချမှာ!!!"

Baku ဟာ သူ့ကို ရိုက်မှာစိုးလို့ မျက်လုံးလေး မှိတ်ပြီး တွန့့်သွားတယ်

"အရိုက်ခံရမှာ ကျတော့ ကြောက်တယ်!!"

"တောင်းပန်ပါတယ်~~"

Asho ဟာ Baku လေးကို အစကတည်းက ကြည့်မရပုံပင်--

အချိန်တိုင်း အချိန်တိုင်း အပြစ်ရှာနေတယ်

ထို့နောက် Asho ဟာ ငါးတွေ အစာပြန်ကျွေးနေတယ်

"မင်းသာ ငါ့လက်အောက်မှာ အစေခံဖြစ်လာရင် ခဏ ခဏ အရိုက်ခံရမှာ~"

"ဘာမှလည်း မသိဘူး"
"ဘာမှလည်း မတတ်ဘူး"

Asho ပေါင်မုန့်ကုန်သွားလို့ လက်ဖြန့်ပေးလိုက်တယ်

Baku ခြင်းထဲက အညိုရောင် ပေါင်မုန့်ချောင်းလေးကို ယူပြီး Asho လက်ထဲ ကပြာကယာ ထည့်ပေးလိုက်တယ်

Asho ဟာ သူ ငါးအစာကျွေးဖို့ ကလေးကို ပေါင်မုန့်ခြင်း ကိုင်ခိုင်းထားတယ်

ကလေးကို ကောင်းကောင်း မချော့ဘူး
ချော့ဖို့လည်း Asho စိတ်ထဲမရှိပေ
Bakuလေး ကိုလည်း သူမချစ်ဘူး

Baku ကလည်း သူ့ကိုယ် သူ ကြင်ယာတော်ဟု တွေးထားပုံမရ

Bakuရဲ့ အနေအထိုင်ဟာ ချစ်ရသူအနား ရှိနေသူလို မဟုတ်ဘဲ အခုချိန်ထိ အစေခံလေးလိုပင် Asho ကို သခင်တစ်ယောက်လို ဆက်ဆံနေတယ်

Asho Baku ကို မျက်လုံးလေး စောင်းကြည့်လိုက်တယ်

Bakuလေး ဟာ ငိုလို့လည်း ဝ ရော အိပ်ချင် နေပြန်ပြီ ထင်သည်

Asho အနားမှာ ခြင်းလေးကိုင်ပြီး ယိုင်ထိုး ယိုင်ထိုး ဖြစ်နေတယ်

"ပြဿနာအိုးလေး!!"

Asho ခါးကြားထဲက သံလိုက်အိမြှောင်လို ဒိုင်ခွက် နာရီလေးကို ထုတ်ကြည့်လိုက်တယ်

အတော်ပင် ညနက်နေရှာပြီ!!

"ဧည့်သည်တွေလည်း ပြန်လောက်ရောက်ပေါ့!!"

Asho ရွှေရောင် နာရီဒိုင်ခွက်ပြားလေးကို ခါးစည်းထဲ ပြန်ထည့်ထားလိုက်တယ်

ရုတ်တရက် Baku ဟာ ယိုင်ပြီး ရေကန်ထဲ ထိုးကျသွားတယ်

"ar--!"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားOù les histoires vivent. Découvrez maintenant