အပိုင်း - ၃၈

3K 287 25
                                    

Uni
.
.

" ဘယ်လိုပြောလိုက်တာလဲ မမရယ်။ အိမ်ခွဲနေရင်ပြီးသွားမယ့်ဟာကို ကျော့်ကို ဘာကိစ္စ ပြန်ခိုင်းလိုက်ရတာလဲ ''

ဖေဖေက ကျော့်ကိုခေါ်ပြီး ထွက်သွားတော့ နေခြည်လည်း ကလေးငိုသလို ​ခြေဆင်းထိုင်ကာ ငိုချလိုက်သည်။ မမမျက်နှာကတော့ တင်းမာနေ၏။

" ဖုန်း ပေး... ''

ပြောပြောဆိုဆို အခန်းထဲက နေခြည့်ဖုန်းကို မမက သွားယူလာသည်။

" ခုတလော ဖုန်းမသုံးနဲ့။ မမရုံးခဏသွားရမယ်။ မကြာဘူး။ ဗိုက်ဆာဆာ မဆာဆာ မနက်စာ စားထား။ ကိုယ့်ရောဂါ ကိုယ်သိ ''

ညီမဖြစ်သူဖုန်းကို သိမ်းထားခဲ့ပြီး ဇင်မီအံကြိတ်ကာ ထွက်လာခဲ့လိုက်သည်။ ကိုလင်းဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ကာ ဆိုင်ထဲဝင်ခဲ့တော့ ကိုလင်းက ထွက်ကြို၏။

" ဘယ်လိုဖြစ်သွားပြီလဲ မ ''

" ပြန်ခိုင်းလိုက်တယ် ကိုလင်း။ ညီမလေးကိုလည်း မထည့်နိုင်ဘူး ပြောလိုက်တယ် ''

" ဗျာ... ​ညီမလေးက ပြန်မပေါင်းချင်ဘူးတဲ့လား ''

ရှေ့မှာရှိတဲ့ ခေါက်ဆွဲပန်းကန်ကို ဇင်မီ အကြောင်းမဲ့ မွှေနေမိရင်း  ခေါင်းခါပြလိုက်သည်။

" သူ့ယောကျ်ားမြင်တော့ လိုက်သွားချင်တာ ပျာနေတာပဲ။ ကောင်လေးကလည်း ဒီမှာနေဖို့လာတာနဲ့တူပါတယ် ''

" နေခိုင်းလိုက်ပါလား မ ရယ်။ အလကားနေရင်း ခွဲလိုက်တော့ ကလေးတွေပဲ စိတ်ဆင်းရဲရရော။ ညီလေးနဲ့ ဖြစ်တာမှ မဟုတ်ဘဲ ''

" မဟုတ်ဘူး ကိုလင်း။ ကျော်နေမင်းနဲ့ဖြစ်တာမဟုတ်ပေမယ့် သူ ကြိုတင်မကာကွယ်ခဲ့လို့ဖြစ်ရတာ။ သူ့အမေက ညီမလေးကို မကြည်မှန်းသိရဲ့သားနဲ့ တစ်အိမ်ထဲအတူသွားနေတယ်လေ။ မ တို့အိမ်မှာနေဖို့ပြောတော့လည်း လက်ခံမလိုလိုနဲ့ အချိန်တန်ရင် သူ့အိမ်ကို ပြန်ပြန်ခေါ်သွားတာ။ ''

ဇင်မီ့စကားဆုံးတော့ ကိုလင်းက သက်ပြင်းချလေသည်။

" မ ညီမလေးကို သူ့အမေက တစ်ခုလပ်ဖြစ်မှ တန်ဖိုးကျမယ် ဘာညာဆိုပြီး ဟင်းရွက်ကန်စွန်းလိုကို ပြောလွှတ်တာ။ အရင်ကလည်း ဒီလိုပြောနေကျနေမှာပေါ့။ ညီမလေးက ​ကျော်နေမင်းကို ပြောရင်လည်း သည်းခံဖို့ပဲ ပြန်ပြောတယ်တဲ့။ ရင်နာလို့ မဆုံးဘူး။ ကိုယ်တောင် မငေါက်ရက်ခဲ့တဲ့ကလေးကို။ စကားလေး ပြောမိတာနဲ့ အထေ့အငေါ့တွေလည်း ပါအောင် ပြောသေးတယ်တဲ့ ''

မခွဲအတူWhere stories live. Discover now