အပိုင်း - ၆

3.1K 111 19
                                    

" ခြည်ခြည်ရေ လိုက်မှာလား ''

တခြားသူငယ်ချင်းတွေကပါ ဖုန်းဆက်ပြီး လည်ဖို့ပြောလာကြသည်။ သူငယ်ချင်းတွေ အုပ်စုလိုက်မို့ နေခြည်လည်း လိုက်သွားချင်သည်။ ဂုဏ်ထူးများများပါသည့် သူငယ်ချင်းတွေက မြို့ကြီးတွေမှာ ကျောင်းသွားတက်ကြမှာမို့ နောက်ပိုင်းဆို ခုလိုတွေ့ဖြစ်ကြမည်မဟုတ်ပေ။

" မမ... သမီး မုန့်စားသွားချင်လို့။ သူငယ်ချင်းတွေနဲ့ ''

မနက်စောစော မမဆီက မုန့်ဖိုးတောင်းဖို့ပြင်ရသည်။

" အေး မုန့်ဖိုးလိုလို့လား ''

" ဟုတ် ''

" ဂိုက်လစာတွေကရော ''

" အင်္ကျီဝယ်လိုက်တယ် ဟီးဟီး ''

" ငွေရှင်ကြေးရှင်ကြီးရယ် ပေးမယ် ခဏစောင့် ''

နေခြည် ငယ်စဥ်က မမနဲ့ သားအမိလို့ထင်ကြပေမယ့် ကြီးလာတော့ ညီအစ်မအရွယ်လိုဖြစ်သွားသည်။ နေခြည်က အရပ်ရှည်လာတာမို့ဖြစ်မည်။ နေခြည့်အသက် ၅ နှစ်၊ မမက ၂၅နှစ်မှာ အရမ်းကွာသလိုဖြစ်နေပေမယ့် အခု နေခြည် ၁၆နှစ်ရောက်လာတော့ ၃၆ နှစ် မမနဲ့သိပ်မကွာတော့သလိုပင်။

" မမ ''

" ဟင် ''

လချုပ်ချုပ်နေတဲ့ မမက နေခြည့် ခေါ်သံကြောင့်လှည့်ကြည့်သည်။

" ယောက်ျားမယူတော့ဘူးလား ''

" ဘာလို့လဲ ထူးထူးဆန်းဆန်း ''

" ဘာလို့မှ မဟုတ်ပါဘူး။ မေးကြည့်တာ ''

" တော်ပါအေ။ ဒီညီမတစ်ယောက်တည်းကို ပြုစုပျိုးထောင်ထားရတာပဲ တော်လှပြီ။ ပျင်းပြီအေ ''

" ဪ ''

" နေစမ်းပါဦး။ ညည်းရည်းစားရနေတာလား ''

" ဟာ ဘယ်က ''

" ထားရင်လည်း အစ်မကိုပြောပြဦး။ မထားနဲ့တော့မတားပါဘူး။ ဒါပေမယ့် မမပြောတာတွေ စိတ်ထဲမှာထည့်ထားနော်။ ယောက်ျားလေးတွေကို အယုံမလွယ်ရဘူး ''

" ဟုတ် ''

" ပြီးရော ကိုယ်ပြန်မကြိုက်နိုင်ရင်လည်း ကြိုးရှည်နဲ့လှန်ထားတာမျိုးမလုပ်ရဘူး ''

မခွဲအတူWhere stories live. Discover now