အပိုင်း - ၁၁

2.5K 99 14
                                    

Uni
.
.

တက္ကသိုလ်တွေ လျှောက်ကြပြီးတော့ ကျော်နေမင်းက ဥပဒေတက်ရမှာမို့ မုံရွာကိုပြောင်းရတော့သည်။ ကျောင်းပိတ်ရက်တိုင်း လိုင်းကားစီးပြီးပြန်လာလို့ရတာမို့တော်သေးသည်ဟုဆိုရမည်။ နေခြည်ကတော့ ရိုးရိုးတက္ကသိုလ်ပဲတက်မှာဖြစ်၏။

" မောင် အပတ်တိုင်းပြန်လာနော်။ ငါအရမ်းလွမ်းနေမှာ ''

" အင်းပါ ''

ထူးထူးခြားခြား ပိုးဟပ်ဖြူက ပန်းခြံမှာတွေ့ချင်တယ်ဆိုတာမို့ လူနည်းနည်းရှင်းတဲ့နေရာ ခုံတစ်ခုံမှာ ထိုင်နေလိုက်သည်။

" ပြောပုံကြီးကလည်း ခုကတည်းက ပစ်သွားချင်နေပြီမလား ''

ကိုင်ထားတဲ့လက်ကလေးတွေကို ရုန်းထွက်ပြီး စိတ်ကောက်ဖို့အစီအစဥ်စတော့၏။

" မဟုတ်ပါဘူး။ မောင်လည်း လွမ်းနေမှာ။ ခွဲချင်ပါ့မလားကွ။ ''

" စိတ်မရှည်တာလား ဒီလေသံက ''

သူ ဘာလေသံနဲ့ပြောမိမှန်းမသိပေမယ့် ပိုးဟပ်ဖြူက လေသံအနိမ့်အမြင့်နည်းနည်းပြောင်းသွားတာနဲ့ သိသည်။

" မဟုတ်ပါဘူး။ စိတ်ပဲကောက်နေတော့မှာလား။ မောင်က မနက်ဖြန်သွားရမှာ။ စိတ်ကြည်ကြည်နဲ့သွားချင်တယ်ကွာ ''

" ဒါဆို ငါကပဲ ရန်စနေတာပေါ့ ''.

" မဟုတ်ဘူးလေကွာ...ကျစ် မောင်က မနက်ဖြန်သွားမယ်။ အပတ်တိုင်းပြန်လာမယ်။ မောင့်ပိုးဟပ်ဖြူလေးကိုလည်း လွမ်းနေမှာ။ မသွားခင် အလွမ်းသယ်မလို့ဟာ ''

ပိုးဟပ်ဖြူတင်းတိုင်း သူလိုက်မချော့ရင် သေချာပေါက် ရန်ဖြစ်ရတော့မည်ပင်။ ရန်ဖြစ်ရတာ ရိုးနေပေမယ့် ရန်ဖြစ်တိုင်း အဆက်အသွယ်ဖြတ်တာ လမ်းခွဲစကားပြောပြီး ပစ်ထားတာတွေက သူ့ကို အရူးမီးဝိုင်းဖြစ်စေသည်။ ပိုးဟပ်ဖြူစိတ်ကောက်သည့်နေ့တွေဆို လူကစိတ်ပင်ပန်းပြီး အစားပင် ကောင်းကောင်းမစားနိုင်။ ပြတ်ရအောင်ကလည်း သူက မပြတ်နိုင်တာဖြစ်၏။
.
.

ကျော်သွားပြီးတဲ့နေ့မှာတော့ နေခြည်လွမ်းနာကျတော့သည်။ ကျောင်းကိစ္စလုပ်စရာရှိတာလုပ်ပြီးတာနဲ့ အခန်းထဲခွေကာ ကျော့်ဆီဖုန်းဆက်မိသည်။ ဖုန်းမကိုင်ရင် ကျောင်းအပ်နေလို့ မအားတာတွေ ဘာတွေပြောလာရင် အကြောင်းပြတယ်လို့ပဲထင်ကာ ရစ်မိတော့ ရန်ဖြစ်ရ၏။ နောက်ဆုံးတော့ ငိုယိုကာစိတ်ကောက်အဆက်ဖြတ် ကျော်ကပြန်ချော့နှင့် သူတို့အတွဲက လုံးချာလည်နေသည်။

မခွဲအတူOpowieści tętniące życiem. Odkryj je teraz