အပိုင်း - ၂၆

3.2K 148 8
                                    

Uni
.
.

" ဘာတွေပြောပြီး ရယ်နေကြတာလဲ ''

" ဒီမှာလေ မကြီး​က ရုံးကအကြောင်းတွေပြောပြနေတာ ''

မကြီးကတော့ မငယ်အိမ်ထောင်ကျပြီးကတည်းက အဖော်မဲ့သလိုဖြစ်သွားတာမို့ ပိုးဟပ်ဖြူရောက်လာတာကို ပျော်နေဟန်တူသည်။ ကျော်နေမင်း အသီးတွေခွဲနေတုန်း မကြီးက သင်ပြီးသား ဟင်းရွက်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းကာ ပန်းသီးစိတ်တစ်စိတ်ယူပြီး အခန်းထဲဝင်သွားတော့တာမို့ သူနဲ့ ပိုးဟပ်ဖြူသာကျန်ခဲ့တော့၏။

" ရော့ မိန်းမ။ ထမင်းစားနည်းလို့တဲ့ မေမေက ခွဲကျွေးလိုက်ဦး ဆိုလို့ ''

ကျော့်စကားကြောင့် နေခြည်ကျေနပ်သွားသည်။ ဒီလိုဆိုတော့လည်း ကျော့်အမေက နေခြည့်အပေါ် အရမ်းမုန်းနေပုံမပေါ်ပါ။ အစားသိပ်မစားနိုင်သူမို့ နည်းနည်းစားပြီးတာနဲ့ ဗိုက်ပြည့်တော့သည်။

" တော်ပြီ။ ''

" တော်ပြီလား။ ဒါတွေယူခဲ့လိုက်မယ်။ အပေါ်က ရေခဲသေတ္တာထဲထည့်ထားမယ်။ ည ဗိုက်ဆာရင် စားလို့ရအောင် ''

" အင်း ''
.
.

ညဘက် စကင်းကဲလေးလိမ်းပြီးတော့မှ အခန်းကိုသေချာစပ်စုမိသည်။ ညက ရင်တုန်နေတာနဲ့ ဘာမှ မကြည့်လိုက်ရ။ အခုမှ ဟိုလျှောက် ဒီလျှောက်ကြည့်မိတော့ စားပွဲပေါ်တင်ထားတဲ့ ခဲတံချွန်အရုပ်လေးကို တွေ့တော့သည်။ အရုပ်လေးဘေးမှာက နေခြည်တို့ စုံတွဲပုံလေးကို ထောင်ထားသည်။

မှန်ပြတင်းကနေကြည့်လိုက်တော့ လမ်းမီးက လမ်းမပေါ်ဖြာကျနေသည်။ ပြတင်းပေါက်လေးကို အသာဖွင့်လိုက်တော့ ဆောင်းရာသီဝင်ကာစ လေနုအေးက တိုးဝင်လာတာမို့ ကြက်သီးလေးတွေပင် ဖြတ်ပြေးသွားရ၏။

" ဘာတွေကြည့်နေတာလဲ။ ပြတင်းပေါက်ကြီး ဖွင့်ထားတာ မအေးဘူးလား ''

အခုမှ ရေချိုးပြီးထွက်လာတာမို့ နောက်ကလှမ်းဖက်လိုက်တဲ့ ကျော့်ရင်ဘတ်နဲ့ လက်မောင်းတွေက အေးမြနေသည်။ နေခြည် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ပြီး စားပွဲပေါ်က အရုပ်ကလေးတွေဆီ ပြန်ကြည့်လိုက်၏။

မခွဲအတူWhere stories live. Discover now