အပိုင်း - ၁၅

3.1K 146 17
                                    

Uni
.
.
.

ကျောင်းပြန်ဖွင့်မှ နေခြည် သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်တွေပြန်လိုက်တောင်းရသည်။ facebook ကတော့ အခုထိမသုံးဖြစ်သေး။ ကျောင်းတက်ရင်း သင်တန်းနှစ်ခုပါ ပတ်တက်နေတာမို့ မအားလပ်နိုင်ဖြစ်နေတာကိုပဲ ကျေးဇူးတင်မိသည်။ မဟုတ်ရင် ကျော့်အကြောင်းတွေးမိကာ ငိုငိုမိနေ၏။ သူများတွေအသည်းကွဲတာ ဒီလောက်ဆိုးသလား နေခြည်မသိ။ နေခြည်က ဆိုးခဲ့တဲ့လူမို့ နောင်တရတာရော​ကြောင့်ဖြစ်မည်။

နောက်ပိုင်းတော့ မမပြောတာတွေကို သေချာပြန်စဥ်းစားမိလာသည်။ ကျော့်အမေက နေခြည့်ကို ကြည့်မရတာမို့ ဆက်ပတ်သက်နေလျှင် နေခြည်ပဲ စိတ်ဆင်းရဲရမှာဖြစ်သည်။

..... တော်သေးတာပေါ့။ ငါကချည်း နိုင်စားခဲ့လို့.....

​ပေါက်ကရတွေးမိကာ ရယ်ချင်မိတဲ့ကြားက မျက်ရည်က ဝဲဝဲတက်လာတတ်သေးသည်။ ဒီလောက်ခံစားချက်ကလွဲလျှင် နေခြည်ကျန်တာတွေ အဆင်ပြေသလောက်ဖြစ်နေပြီဖြစ်သည်။ အလွတ်ရနေတဲ့ ကျော့်ဖုန်းနံပါတ်ကိုပင် မခေါ်ဖြစ်တော့။
.
.

" ပိုးဟပ်ဖြူလေး.... ငါပြန်လာပြီ ''

ခုံပေါ်က ဓာတ်ပုံလေးကိုကြည့်ကာ ကျော်နေမင်းပြောလိုက်သည်။ ဒီကလေးမက အစပျောက်သလို ပျောက်နေပေမယ့် သူ့မှာမေ့မရ ဖျောက်မရပေ။

" ကျော်နေမင်း ''

အဆောင်တူသူငယ်ချင်းက သူ့အခန်းထဲ အလည်လာတာမို့ လှမ်းခေါ်လိုက်သည်။

" ပူလိုက်တာကွာ ''

" အေး ''

" ဟ ဟိုဟာ မင်းစော်လား ''

ဘာရယ်မဟုတ် အပြောအဆိုကြောင့် ကျော်နေမင်း စိတ်ထဲအနည်းငယ် အနှောက်အယှက်ဖြစ်ရပြီး ပြန်ပြောလိုက်သည်။

" ငါ့ကောင်မလေး ''

" အောင်မာ စွံလှချည်လား ''

" ကျော်ကြီးကွ ''

" ဟား ဟား ဟား ''

" ပြောစရာရှိလို့ လာတာလား မင်းက ''

" အေး ငါ့ဆိုင်ကယ်ပြင်ထားရတာကွ။ အဲဒါ ရပြီပြောလို့။ မင်းအားရင် လိုက်ပို့ပေးပါလား ''

မခွဲအတူWhere stories live. Discover now