အပိုင်း - ၁၂

2.5K 111 8
                                    

Uni
.
.

" သားသား လာဦး ''

မေမေက ပြန်ရောက်လာတာနဲ့ သူ့ကိုခေါ်တာမို့ ရင်တထိတ်ထိတ်ပင်။

" ဟိုကလေးမနဲ့ ကြိုက်နေကြတာလား ''

" မကြိုက်ပါဘူး မေမေရဲ့ ''

မလွတ်မှန်းသိသားနဲ့ လိမ်ပြောလိုက်မိသည်။

" ငါ့မျက်လုံးနဲ့ တည့်တည့်တွေ့တာတောင် ငြင်းတုန်းလား။ ဟိုကလေးမကို လက်ဆွဲပြီးပြေးသွားတာလေ ''

ပန်းပင်ပေါက်လာဝယ်ရင်း အပြင်မှာ သားဆိုင်ကယ်တွေ့လို့ ပတ်ကြည့်တော့ ရည်းစားနဲ့ချိန်းနေတာပင်။ လုံးဝသဘောမကျတဲ့ ကလေးမနဲ့မှ တွဲနေသော သားဖြစ်သူကြောင့် ဒေါသက ထွက်ပြီးရင်းထွက်ရသည်။

" ပြန်ပြောလေ...ဟုတ်လား မဟုတ်ဘူးလား ကျော်နေမင်း ''

" ဟုတ်ပါတယ် ''

" ဟင်း.... ငါထင်နေတယ် ဘယ်ကတည်းကလဲ ''

" အောင်စာရင်းထွက်ပြီးမှပါ ''

" ငါ မေးတုန်းက မရှိဘူးဆို ''

" မေမေက ပိုးဟပ်ဖြူကိုမုန်းနေတာကိုး ''

" အေး နန့်တန့်တန့်နဲ့ ယောက်ျားလေးတိုင်းကို အထာပေးနေတဲ့ ကောင်မမျိုးမို့ ငါမတည့်တာလေ ''

" မဟုတ်ပါဘူးဆို မေမေရာ ''

" ဟဲ့ နင်တို့ သူ့ကြောင့်ရန်ဖြစ်တာ ရုံးခန်းထိရောက်တယ်လေ။ လူကြည့်တော့ ပျော့ပျော့နဲ့ တကယ့်ကြောင်ချီး ''

" မေမေလို့ ''

" ငါမပြောချင်လို့ နင့်ကို ရိပ်မိတာကြာပြီ။ ဟိုကဖုန်းဆက်လိုက်တာနဲ့ ထမင်းစားတုန်း ထ သွားလိုက်၊ ညလုံးပေါက်မအိပ်ဘဲနေတာတွေ ငါမသိဘူးများမှတ်လား။ ကောင်မက ငါ့သားကိုများ နိုင်စားလို့ ''

" မနိုင်ပါဘူး မေမေကလည်းဗျာ ''

" မနိုင်လို့ဘဲ အဲဒီကောင်မမှန်းသိရင် ငါအစောကြီးတည်းက ဖြတ်ခိုင်းတယ်။ ယောက်ျားတန်မဲ့ဟယ်။ ကြိုက်စရာရှားလို့ ''

" မေမေ သားက တကယ်ချစ်တာ ''

" အမလေး လူက အမွှေးတောင်မစုံသေးဘူး။ ဘာအချစ်တုန်း။ တော်ပါပြီအေ။ မင်းသဘော မင်းဟာမင်း ကြိုက်သလိုစီစဥ်။ ငါဝင်မပြောတော့ဘူး ''

မခွဲအတူWhere stories live. Discover now