အပိုင်း - ၁၀

2.7K 110 10
                                    

Uni
.
.

" နောက်ကို အဲလိုကြီး မလာနဲ့။ မမသိလိမ့်မယ် ''

" စိတ်ပူသွားတာလေ။ မောင့်ဘက်ကလည်း စဥ်းစားကြည့်ပါဦး။ ''

" ဟား ဟား ''

" ခုနကငို အခုရယ် ''

" တမောင်တည်း မောင်နေတာလေ။ ကြားရတာ တစ်မျိုးပဲ ''

" ရှက်အောင် မပြောနဲ့ဟာ။ ကိုယ့်ရည်းစားပဲ ချွဲချွဲနွဲ့နွဲ့လေးရှိချင်တာပေါ့ ''

" အင်းပါ။ ပြောတာ မှတ်ထားနော်။ နောက်ဆို ရုတ်တရက်ကြီးတွေ မလုပ်နဲ့။ ''

" ဟင် ဘာဖြစ်တုန်း။ သိတော့လည်း ကောင်းတာပေါ့ ''

" မကောင်းပါဘူး။ နင်ရော နင့်အမေကိုပြောမှာလား ''

" အဲဒါက...''.

ကျော်နေမင်း ခေါင်းကုတ်လိုက်မိသည်။ သူ မေမေ့ကိုမပြောဘူးဆိုတာက ပိုးဟပ်ဖြူ ထိခိုက်မှာစိုးလို့ပင်။ မေမေ့ကိုလည်း အတိုက်အခံမလုပ်ချင်သလို ပိုးဟပ်ဖြူကိုလည်း လမ်းခွဲမပေးချင်ပါ။ ပထမဆုံးရည်းစားဦးလေးနဲ့ ပေါင်းဖက်ခွင့်ရချင်တာ သဘာဝပဲမလား။

" ငါ သိပါတယ်။ နင့်အမေက ငါ့ကို မကြည်မှန်း ''

" အဲလိုတော့လည်း မဟုတ်ပါဘူးဟာ ''

နေခြည့်စကားကြောင့် ကျော်က အားနာသွားဟန်ပင်။

" ထားလိုက်ပါ။ ဒါပေမယ့် နင့်အသိုင်းအဝိုင်းက ငါ့ကို သဘောမကျဘူးဆိုရင် ငါက နင့်ဆီကို ခေါင်းငုံ့ပြီးဝင်မလာဘူးနော်။ ငါလည်း ငါ့အစ်မနဲ့ဆို မင်းသမီးလေးလိုနေရတာ ''

" ကဲပါ ခြည်ခြည်ရာ။ ခုနကပဲ ငိုထားတယ်။ အခုလည်း စိတ်ညစ်စရာတွေ ထပ်ပြောနေပြန်ပြီ။ အမယ် ဝင်လာဖို့တွေ ဘာတွေတောင်ပြောနေတာ...  လက်ထပ်ချင်ပြီလား မောင်ရှက်တယ်နော် ''

အထ အနကောက်ပြီး လိုက် စနေတဲ့ ကျော့်ကို ရှက်ရှက်နဲ့ ရိုက်လိုက်ရသည်။

" ကဲဟယ်... ပေါက်ကရလျှောက်ပြောဦး။ ဒီက အကောင်းပြောနေတဲ့ဟာ ''

" အကောင်းပြောနေတာလား ဒါဆို မောင့်ကို ယူမှာပေါ့ ''

" ကျော် ''

မခွဲအတူHikayelerin yaşadığı yer. Şimdi keşfedin