အပိုင်း - ၂၇

3.1K 135 17
                                    

Uni
.
.

" မေမေ သားအပြင်သွားမလို့။ ဘာမှာဦးမလဲ ''

" အပြင် ဘာသွားလုပ်မှာလဲ ''

" ဒီလိုပါပဲ စားချင်တာလေးတွေသွားဝယ်မလို့ ''

ပိုးဟပ်ဖြူ နေမကောင်းလို့ အားရှိတာတွေ သွားဝယ်မယ်လို့တော့ မပြောလိုက်တော့ပေ။

" ဪ အေအေ မမှာတော့ဘူး။ မင်းမိန်းမရော ''

" ရှိတယ် မေမေ ''

" အခန်းထဲချည်း ခွေခိုင်းမနေနဲ့။ ခြေဆန့် လက်ဆန့်အပြင်ထွက်ဖို့ပြောဦး ''

" ဟုတ်ကဲ့ပါ ''

ပိုးဟပ်ဖြူက နေမကောင်းဘူး ပြောတာမို့ တစ်ခုခုကျွေးဖို့ အောက်ဆင်းကြည့်တော့ ထမင်းကြော်နဲ့ အသီးတွေသာရှိသည်။ မစားချင်လောက်တာ သေချာတာမို့ အပြင်ထွက်ကာ ပိုးဟပ်ဖြူကြိုက်တဲ့ နံပြားထောပတ်သုတ်နဲ့ နွားနို့ပူပူလေးဝယ်ပေးရမည်ဟုတွေးလိုက်သည်။
.
.

" ကိုကုလားကြီး မြန်မြန်လုပ်ပါဗျာ ''

နွားနို့စစ်စစ်ရဖို့အရေး သူ့မှာ မြို့လယ်က မနက်စာရောင်းသည့် လက်ဖက်ရည်ဆိုင်အထိလာဝယ်ရသည်။ လာတာ နေမြင့်တာမို့ လူတွေက ကြိတ်ကြိတ်တိုးနေကာ စောင့်ပင်ဝယ်ရ၏။

" ရပြီ...ရပြီ... နံပြားထောပတ်သုတ်နှစ်ပွဲ၊ ပေါ့ဆိမ့်တစ်ခွက်၊ နွားနို့တစ်ခွက်၊ နန်းကြီးသုပ်တစ်ပွဲ ဟုတ်တယ်နော် ''

" ဟုတ်တယ်။ ဘယ်လောက်လဲ ''

ကျသင့်ငွေကို ရှင်းပေးကာ မြန်မြန်ထွက်ခဲ့လိုက်သည်။ သူစောင့်ရတာ ကြာမကြာတော့မသိ မေမေပင် ခြံထဲ တံမြက်စည်းသိမ်းပြီးလို့ ပန်းပင်တွေရေလောင်းနေသည်။

" မေမေ နန်းကြီးသုပ်ဝယ်လာတယ် ''

" အမေက ထမင်းကြော်တွေစားထားတာ သား။ ချိတ်ထားလိုက် ဆာမှစားမယ် ''

" ဟုတ် ''

မီးဖိုထဲဝင်ပြီး ဝယ်လာတဲ့ နွားနို့နဲ့ ကျဆိမ့် ကို ခွက်တွေထဲထည့်ကာ နံပြားကို စားရလွယ်အောင် ကတ်ကြေးနဲ့ညှပ်ပြီး လင်ဗန်းထဲထည့်လိုက်သည်။

" ဘာလိုဦးမလဲ ''

လက်သုတ်ပုဝါပါ မမေ့မလျော့ထည့်ပြီးမှ အပေါ်တက်ခဲ့လိုက်သည်။ ပိုးဟပ်ဖြူ ဗိုက်ဆာနေတော့မည် ထင်သည်။
.
.

မခွဲအတူWaar verhalen tot leven komen. Ontdek het nu