အပိုင်း - ၂၄ ❤❤

7.1K 153 12
                                    

Uni
.
.

" ခြည်လေးရေ။ ခဏလာဦး ''

အပြင်က မမခေါ်သံကြောင့် နေခြည် ထွက်လာကာ ခုံမှာ ကုတ်ကုတ်လေးထိုင်နေလိုက်သည်။ မျက်လုံးတွေဖောင်းနေတဲ့ မမက ငိုထားပုံပေါ်၏။

" ညီမလေး သေချာရဲ့လား ဟင်။ လက်ထပ်ချင်ရဲ့လား ''

" အစတည်းက ကျော်နေမင်း ကျောင်းပြီးတာနဲ့ လက်ထပ်ကြမလို့ စီစဥ်ထားပြီးသားပါ မမ။ အခုပဲယူယူ နောက်တစ်နှစ်နေမှပဲ ယူယူ သမီးက ကျော်နေမင်းကိုပဲ ယူမှာဆိုတော့။ ဒါပေမယ့် မမသဘောမကျရင် သမီးမယူဘူးနော်။ မမစိတ်ဆင်းရဲရမှာမျိုး မလိုချင်ဘူး ''

" ဟင်းးးး... သဘောမကျတာတော့မဟုတ်ပါဘူး။မမလက်ပေါ်တင် ကြီးခဲ့တဲ့ ကလေးကို ချက်ချင်းကြီး သူများလက်ထဲထည့်ပေးရမှာတော့ နှမြောတာပေါ့။ ဒါပေမယ့် နေခြည့်ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ပါ။ ကျော်နေမင်းကလည်း ငါ့ညီမကို တော်တော်လေး ချစ်ရှာတယ်။ သူ့အမေကိုပဲ စိတ်ပူတာ။ ''

" မင်္ဂလာဆောင်ပြီးတာနဲ့ မမနဲ့ပဲနေလိုက်မယ်လေ ''

" အဲဒါကတော့ ကျော်နေမင်းနဲ့တိုင်ပင် ခြည်လေး။ အိမ်ထောင်ပြုပြီးရင် အရာရာ ကိုယ့်စိတ်ကိုယ့်သဘောဆိုပြီး အတ္တမကြီးရဘူး။ တစ်ဖက်ကိုလည်း မျှတွေးပေးပြီး ညှိယူနော် ''

" ဟုတ်ကဲ့ ''
.
.

တောင်းရမ်းမယ့်ရက်အမီ လိုတာတွေ လိုက်ဝယ်ကြသည်။ နေခြည်တို့ဖက်က လူကြီးသိပ်များများစားစားမရှိ။ ငှက်ပျောပွဲ အုန်းပွဲအတွက်လိုတာတွေကို ကျော်က သူ့ဘာသာဝယ်၏။

" ကဲ ပိုးဟပ်ဖြူ လိုက်ပို့မယ်....''

ကျော်နေမင်း စိတ်ထဲ အိပ်မက်မက်နေသလိုပင်။ မနက်ဖြန် သန်ဘက်ခါ တောင်းရမ်းကြမည့် ကိစ္စကို သူ့မှာမယုံနိုင်သေး။ မိုးလင်းလည်း ဒီကိစ္စ အိပ်ယာဝင်လည်း ဒီကိစ္စကိုပဲ တွေးကာ ပျော်နေမိ၏။

ဘဏ်မှာ သူစုထားတဲ့ ပိုက်ဆံတွေသွားထုတ်လာတော့ မေမေက စောင်းမြောင်းသေးပေမယ့် သူရယ်နေလိုက်တော့သည်။ အမျိုးထဲမှာလည်း ဗိုလ်ကျသည့်အပြင် ဖေဖေကပါ အလိုလိုက်တာမို့ မေမေက ဒီအရွယ်ထိ ကလေးကြီးလိုဖြစ်နေသည်။

မခွဲအတူTempat cerita menjadi hidup. Temukan sekarang