အပိုင်း - ၂၁

3.6K 154 17
                                    

Uni
.
.
.

သူငယ်ချင်းတွေကို ရည်းစားတွေဖြစ်ကြောင်းပြောပြီးပြီမို့ ပိုးဟပ်ဖြူနား ကို မျက်နှာပြောင်တိုက်ပြီး ကပ်ခွင့်ရတော့သည်။

" ကျော်နေမင်း... နင် ဟိုဖက်သွားနော်။ ဘယ်လိုဖြစ်နေတာလဲ ''

မုန့်လုံးလုံးတာကို နေခြည့်နား ကပ်နိုင်သမျှ ကပ်ကာ ထိုင်နေတာမို့ တွန်းထုတ်ပစ်လိုက်၏။

" မုန့်လုံးနေတာလေ ''

" နေရာ အကျယ်ကြီးပဲဟာကို။ တခြားနေရာသွား ''

" No ပါ ''

ခွာမရတဲ့အဆုံး အကပ်ခံလိုက်ရတော့၏။
.
.

" ပိုးဟပ်ဖြူ ခဏလာဦး။ ပြောစရာရှိတယ် ''

အရှေ့မဏ္ဍပ်ထဲမှာ အလုပ်ရှုပ်နေကြလို့ အနောက်မှာ လူမရှိတာကို အခွင့်ကောင်းယူကာ ပိုးဟပ်ဖြူကို ဆွဲခေါ်လာခဲ့သည်။

" အေး... ငါလည်း နင့်ကို ပြောစရာရှိတယ် ''

ပြောစရာရှိလို့ လာခေါ်တဲ့သူက ကျော်ဖြစ်ပေမယ့် နေခြည် လည်း တစ်နေကုန် မကျေနပ်တာတွေပြောဖို့ လုပ်တော့၏။

" နင် ဘာအရူးထတာလဲ ကျော်နေမင်း။ သူငယ်ချင်းတွေကြားထဲ ငါရှက်လို့မပြောတာနော်။ နင်နဲ့ ပြတ်ပြီလို့ ဘယ်နှခါပြောရမှာလဲ။ ''

" ဘယ်သူက ပြတ်လို့လဲ။ မောင်က မပြတ်နိုင်ဘူးလို့ ပြောထားပြီးသားလေ။ မင်းမှ လက်မခံတာ ''

" ကျော်နေမင်း ''

" ဗျားး....''

" နင် ပြောလေ ပိုဆိုးလေပါလား။ ကဲ... ကဲ ...''

နေခြည်ပြောသမျှကို အရာမဝင်သလို နားမထောင် အရေးမစိုက်တာမို့ စိတ်တိုလာကာ ကျော့်ကို ထုရိုက်ပစ်လိုက်သည်။

" တော်ပြီလား။ ရိုက်ဦးလေ ''

မျက်နှာတွေ နီမြန်းတဲ့ထိ စိတ်တိုကာ သူ့ကို အားရပါးရ ထုရိုက်ပြီး မောနေတဲ့ ပိုးဟပ်ဖြူကို ပြုံးပြုံးကြီးစိုက်ကြည့်ကာ ပြောလိုက်သည်။ သူ့ကို မျက်စောင်းထိုးကြည့်ရင်း ခါးထောက်ကာ စိတ်တိုနေတဲ့ပုံလေးက ချစ်စရာလေးမို့ ကျော်နေမင်း အသည်းယားလှ၏။

မခွဲအတူWhere stories live. Discover now