အပိုင်း - ၃၁

2.2K 163 19
                                    

Uni
.
.

ကျော်တို့အိမ်မှာ နေရတာ နေခြည် နေသားကျလာသည်။ စျေးလည်းပြန်ရောင်းကာ နေခြည့်ရဲ့ စူပါကတ်ဆိုင်ကယ်လေးကိုလည်း ယူထားလိုက်၏။ တစ်ခုခုသွားစရာ လာစရာရှိလျှင် ကျော့်ကို လိုက်ပို့ဖို့ ပူဆာနေစရာမလိုတော့ပေ။ နေခြည်ကတော့ ပုံမှန်ရောင်းနေရပေမယ့် ကျော်က ကျောင်းတက်နေတုန်းကလောက်တောင် အရောင်းအဝယ်မဖြစ်တာမို့ စိတ်ညစ်လို့နေသည်။

" အဆင်ပြေသွားမှာပါ ကျော်ရယ် ''

နေခြည့်ပိုက်ဆံသုံးရဖို့ကို ကျားမြီးဆွဲရမှာထက် ကြောက်တဲ့ကျော့်ကို အရမ်းကြီးလည်း ဖိအားမပေးရက်ပေ။ မမကို ကတိတွေပေးခဲ့တာရော၊ အသက်ငယ်ငယ်မှာ အိမ်ထောင်ပြုပြီး တာဝန်မကျေဖြစ်မှာစိုးရိမ်တာရော မို့ သူများတကာထက် ကျော်က ပိုကြိုးစားမှန်း နေခြည်သိပါသည်။

" ကျော် ဒီနေ့သွားစရာရှိလား ''

" မရှိဘူး မိန်းမ။ ဘာဖြစ်လို့လဲ ''

" ဒီနေ့ ပစ္စည်းတွေရောက်မှာလေ။ အဲဒါ သွားယူရင်း မမဆီမှာ ညအိပ်မလို့ ''

" သွားကြမယ်လေ ''

ယောက္ခမဖြစ်သူက ဆိုးဆိုးဝါးဝါးဆက်ဆံတာမဟုတ်သည့်တိုင် နေခြည့်ကို ဖယ်ကျဥ်ထားဆဲမို့ အချိန်ရှိသရွေ့ မမဆီကိုသာ ပြန်ချင်နေသည်။ နေခြည်ပြန်လျှင် နေခြည့်ကို မခွဲနိုင်တဲ့ ကျော်က လိုက်လာခဲ့၏။ ဒါကိုလည်း မေမေက သဘောမကျ။

ညအိပ်မှာမို့ လိုအပ်တာလေးတွေထည့်ပြီး သွားကြဖို့ပြင်သည်။

" ဒါက ဘယ်တုန်း ''

အိမ်ပြန်မယ့်အချိန်ဆို မတိုးချင်ဆုံး သူနဲ့ တည့်တည့်တိုး၏။

" အိမ်ပြန်မလို့ မေမေ ''

နေခြည့်အဖြေကို လျစ်လျှူရှုကာ နောက်က အဝတ်အစားအိတ်ကိုင်လာတဲ့ ကျော့်ကို လှမ်းကြည့်သည်။

" မင်းမလည်းနော် ကျော်နေမင်း။ မအေ သက်ရှိထင်ရှားရှိသေးလို့ပဲ။ မိန်းမယူတော့လည်း ကိုယ့်သဘောနဲ့ကိုယ်၊ ကျောင်းနားတော့လည်း ကိုယ့်သဘောနဲ့ကိုယ်၊ ဒီမှာနေပါဆိုတာကို တစ်နှစ်နေပြီး အိမ်ခွဲချင်တယ် ဆိုတာလည်း ကိုယ့်သဘောနဲ့ကိုယ်ပဲ။ မအေအိမ်မှာ တစ်နှစ်လောက်ပဲနေတော့မယ့် ကိစ္စကို ဟိုအိမ် သည်အိမ်ကူးနေတာ တစ်ချိန်လုံး...''

မခွဲအတူWhere stories live. Discover now