အပိုင်း - ၁၄

2.8K 118 15
                                    

Uni
.
.
.

မေမေကတော့ သူ့ကို အဆက်မပြတ် စောင့်ကြည့်နေတုန်းပင်။ အရေးထဲမှ အလိုက်မသိသည့်သူငယ်ချင်းက အိမ်ကို အလည်လာရင်း ပိုးဟပ်ဖြူအိမ်ကို သွားကြည့်တဲ့အကြောင်း မေမေ့ရှေ့တင် ဖောက်သည်ချလိုက်တော့ ပိုဆိုးတော့၏။

" မေမေရာ... သားက သူငယ်နှပ်စားလည်းမဟုတ်ဘူး။ အဲလောက်ကြီး မပိတ်ပင်ပါနဲ့ ''

" အောင်မာ ငါကမွေးလို့ လူဖြစ်တဲ့အကောင်ကများ။ မင်း မွှန်နေပြီ ကျော်နေမင်း သိရဲ့လား။ မအေကို မအေမှန်းမသိ ပြန်ပြောရလောက်အောင်ကို မွှန်နေတာ ''

မေမေက အတ္တကြီးနေတာပါ ဆိုတဲ့ စကားက လည်ချောင်းထဲမှာတင် ပျောက်ရှနေခဲ့သည်။ ဆွေမျိုးတိုင်း မိတ်ဆွေတိုင်းက သဘောကောင်းသည် ဟု သတ်မှတ်ထားကြတဲ့ မေမေဟာ ဒီလိုလည်း သဘောဆိုးတဲ့နေရာရှိတာကို သူ စတင်သဘောပေါက်လာသည်။

မေမေ့ကို တွန်းလှန်ချင်တာ မဟုတ်ပေမယ့် နေ့စဥ်ရက်ဆက် ဒီကိစ္စနဲ့ချည်း အဆူခံရ။ ချစ်ရတဲ့ မိန်းကလေးကိုလည်း ပြောဆိုတာတွေကြားနေရတာမို့ သူနဲ့ မေမေ့ရဲ့ ဆက်ဆံရေးက အရင်လိုအဆင်မပြေတော့။

" မေမေ့ ဆိုင်ကယ်သော့လေး ''

" မရှိဘူး ''

ထပ်မတောင်းဘဲ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ ပိုးဟပ်ဖြူတို့အိမ်ထိ လမ်းလျှောက်သွားလိုက်ရမလားပဲ။ လမ်းထိပ်စျေးဆိုင်ကို သွားပြီး ဖုန်းထပ်ခေါ်လိုက်သည်။ အခုထိ ဖုန်းပိတ်ထားဆဲ။ ပိုးဟပ်ဖြူရေ နီးနီးလေးနဲ့ ဝေးနေရတုန်းပဲ။

ညရောက်တော့ ဖေဖေက ခဏခေါ်ပြီး စကားပြောသည်။ ဖေဖေကတော့ သူ့လိုပဲ အနေတည်သည်။ လိုအပ်ပြီး မပြောမဖြစ်တဲ့စကားမှ ပြောတတ်၏။

" သား... အခု သား အရမ်းငယ်သေးတယ်။ တစ်သက်လုံး သားအမေ အရိပ်မှာနေခဲ့တာမို့ လောင်းရိပ်က ထွက်ဖို့ခက်မှာပဲ။ ဒါပေမယ့် ယောက်ျားဆိုတာ မပျော့ညံ့ရဘူး ငါ့သား။ ကြိုးစားရမယ်။ အကြံအစည်ရှိရမယ် အစီအစဥ်ရှိရမယ်။ အခု ငါ့သားလုပ်နေတာတွေက ပျော့ညံ့တယ်လို့ ဖေဖေပြောလိုက်မယ်။ ငါ့သားက အနေတည်တယ်။ အတွေးအခေါ်လည်း မှန်တယ်။ ဒါပေမယ့် ငါ့သားမှာ အကြံအစည် အစီအစဥ်လိုနေသေးတယ်။ တစ်ဆင့်ချင်း သွားပါ။ သား အခုလို လုပ်နေလို့လည်း ပြဿနာက ဖြေရှင်းပြီးသားဖြစ်မသွားဘူး။ အိမ်တွင်းမီးက ပိုကြီးလာလိမ့်မယ်။ အဲဒီတော့ ငါ့သား ဘာလုပ်ချင်တယ်။ ဘာဖြစ်ချင်တယ် သေချာအရင်သိအောင်လုပ်။ မဟုတ်ရင်တော့ အကုန်ကျရှုံးမှာပဲ သားကြီး... ''

မခွဲအတူOn viuen les histories. Descobreix ara