အပိုင်း - ၃၂

2.1K 205 29
                                    

Uni
.
.

" တကယ်ကြီးလား မမ ''

မမက ကိုထွန်းလင်းနဲ့ ချစ်သူဖြစ်နေကြောင်း ဝန်ခံတာမို့ နေခြည့်မှာ မယုံနိုင်ဖြစ်နေရသည်။ ကိုထွန်းလင်းကို စဥ်းစားပေးသင့်ကြောင်း နေခြည်ပြောထားတာ နှစ်လလောက်သာရှိသေးသည် မဟုတ်လား။

" အင်း တစ်ပတ်လောက်ရှိပြီ ''

မမပုံစံက တည်တည်ငြိမ်ငြိမ်ပင်။ ဆယ်ကျော်သက်တွေရည်းစားထားသလို ရှက်ကိုးရှက်ကန်း သိပ်မရှိလှ။

" လောလောဆယ်တော့ တွဲသွားတွဲလာကြီးမရှိသေးပါဘူး။ ဒါပေမယ့် သူကတော့ လက်ထပ်ချင်ပြီပြောတယ် ''

" ဗျာ...''

အံ့ဩသံမှာ ကျော်နေမင်းဆီက ထွက်လာတာဖြစ်သည်။

" ဘာဖြစ်တာလဲ နင်က ''

အံ့ဩတကြီးလုပ်နေတဲ့ ကျော့်ကို နေခြည် ဝင်ဟန့်လိုက်သည်။

" ဪ... ကျော်နေမင်းတို့ မိန်းမရချင်တုန်းက ဖျတ်ဖျတ်လူးပြီး ကဲလှပြီ အောက်မေ့တာ။ လူပျိုကြီးက ကိုယ်ထက်ပိုဆိုးနေတာကို အံ့ဩလို့ပါ။ မောင့်ထက်ဆိုးတဲ့လူရှိသေးတယ်နော် မိန်းမ ''

သူ့စကားကြောင့် အကုန်လုံး ပွဲကျကာ တဟားဟားဖြစ်ကုန်သည်။ လူပျိုကြီး ကိုထွန်းလင်းမှာလည်း ကျော်နေမင်း ပြောရင် ပြောချင်စရာပင်။ အဖြေပေးထားတာ တစ်ပတ်ယဲ့ယဲ့ရှိသေး၊ ဇင်မီ့ကို လက်ထပ်ပါတော့မယ်ချည်း တကဲကဲဖြစ်လို့နေ၏။

" ကောင်းပါတယ် မမရယ်။ အဲဒီအစ်ကိုကြီးက မပြင်မဆင်နေလို့ပါ။ ရုပ်လေးလည်း မဆိုးဘူး။ အိမ်ပိုင်ယာပိုင် ''

" အမလေး... ညည်းထက် ငါက နှစ်ပေါင်းနှစ်ဆယ်လောက် ထမင်းစောစားလာတာပါအေ ''

" ပြောပြတာပါ မမရဲ့ ဟဲဟဲ။ မဟုတ်လည်း မမတစ်ယောက်တည်းဖြစ်နေတာလေ။ ဆေးပေးမီးယူရတယ်။ ခေတ်ကာလက မကောင်းတော့ သမီးစိတ်ပူတယ် ''

" အမလေး ​ဖြစ်မှဖြစ်ရလေ... ဒီလောက်စိတ်ပူတာများ ငါ့ပစ်ပြီး ယောက်ျားစောစောယူနေသေးတယ် ''

မမက စလိုက်တာပေမယ့် ကျော်နေမင်း အားနာလို့သွားရသည်။ တကယ်လည်း ညီအစ်မနှစ်ယောက်တည်းရှိတဲ့ မိသားစုကနေ ပိုးဟပ်ဖြူကို သူက ခွဲထုတ်သွားတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ မမဇင်မီကို သနားမိသည်။ တစ်ဆက်တည်းမှာပဲ မေမေပြောသမျှ ပိုးဟပ်ဖြူ ဘယ်လို သည်းခံလာပါလိမ့်ဟု တွေးမိ၏။

မခွဲအတူHikayelerin yaşadığı yer. Şimdi keşfedin