အပိုင်း - ၂၅

3.8K 174 20
                                    

Uni
.
.

ကျော်ကတော့ ကျေနပ်ကာ ​မောဟိုက်ပျော်ရွှင်နေပေမယ့် နေခြည်ကတော့ ရှက်နေကာ ရင်ခုန်တာကလွဲပြီး ဘာမှမခံစားလိုက်ရ။ ပထမဆုံးအကြိမ် နှီးနှောပြီး တစ်ခုခုဆုံးရှုံးသွားသလိုခံစားရတာမို့ ငိုချင်လာသည်။

" ဟင့်... ဟင့်... ''

" ပိုးဟပ်ဖြူ ဘာဖြစ်လို့လဲ။ နာလို့လား... ဟင် ဘာဖြစ်တာလဲ ''

" မသိဘူး.... ငိုချင်တယ်။ မမကိုလည်း လွမ်းတယ်။ ကျော်စုတ်... မရဘူးဆိုတာကို အတင်းလုပ်သေးတယ် ''

" ဟောဗျာ.... ''

ငိုနေတဲ့ ကောင်မလေးကြောင့် ကျော်နေမင်း ပျာယာခတ်သွားရသည်။ ပိုးဟပ်ဖြူ ခံစားချက်ကို နားလည်တာမို့ ကိုယ်လုံးလေးကိုပွေ့ယူကာ သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်၏။

" မောင် တောင်းပန်ပါတယ်ကွယ်။ မနက်ဖြန် မမဆီသွားကြမယ်နော်။ မငိုပါနဲ့ကွယ်။ အရမ်းနာနေလား ဟင်... ''

ဘာမှ စကားပြန်မလာဘဲ တအိအိငိုနေရှာ၏။

" ကဲ လာ မောင်ပွေ့မယ်။ သန့်ရှင်းရေးလုပ်ပေးမယ်နော် ''

" ရတယ်... ငါ့ဟာငါသွားမယ် ''

" စိတ်မချပါဘူးကွာ မောင်လိုက်ခဲ့မယ် ''

" ရေချိုးမှာ မလိုက်ခဲ့နဲ့ ''

" မနက်မှချိုးတော့နော်။ ဖျားမှာစိုးလို့ ''

ပိုဝမ်းနည်းသွားမှာစိုးလို့ အသံကို တတ်နိုင်သမျှ ချိုသာကာ ချော့ပြောတော့မှ သူ့ကိုလိုက်ပို့ခိုင်းသည်။

" အရမ်းနာသေးလား ပိုးဟပ်ဖြူ ''

အိမ်သာထဲက ထွက်လာလာချင်း စိတ်ပူတကြီးမေးနေပုံမှာ ခုနက သောင်းကျန်းထားတာ သူ မဟုတ်သည့်အတိုင်းပင်။

" အင်း စပ်နေတယ် ''

" သွေးတွေထွက်သေးလား ''

သူ့စကားကြောင့် ပိုးဟပ်ဖြူက မျက်မှောင်ကြုံ့သွားသည်။

" ဘာလဲ သွေးမထွက်ရင် အပျိုမဟုတ်ဘူး ထင်လို့လား ''

" ဟာ မဟုတ်တာကွာ.... အဲလိုသဘောမေးတာမဟုတ်ပါဘူး ပိုးဟပ်ဖြူရယ်။ မင်းက ဒဏ်ရာရပြီး သွေးထွက်လွယ်တော့ အခုလည်း အဲလိုဖြစ်မှာစိုးလို့မေးတာပါ။''

မခွဲအတူWhere stories live. Discover now