Chapter 8/U: Revenge is just wasting your time, sweetheart!

324 33 18
                                    

အခန်း ()
ကလဲ့စားချေတာ အချိန်ဖြုန်းတာပဲ အသည်းလေး

"မင်းက ဘယ်လိုကောင်စားလဲ...ဒီဘဝမှာတောင် ငါ့နှလုံးသားကိုထပ်ပြီး ကစားချင်နေတာလား။ ဘာတဲ့...ငါ့ ယောကျာ်းရဲ့ခန္ဓာကိုယ်က သိပ်မိုက်တယ်ဆိုပဲ။ ပြောနေတဲ့ပုံစံကအစ ရွံစရာကောင်းပြီး ကြက်သီးထစရာ ထွီ..."

"ဟွန်...တကယ်ရော ရွံလို့လား။ ပါးစပ်ကသာ ရွံနေပေမဲ့ နှလုံးသားကတော့ ကြိတ်ကျေနပ်နေတာမလား ဂါလေးက"

"မင်းမေကြီးကို ကြိတ်ကျေနပ်...."

ရာဇသိင်္ဂါမှာ ပြောနေဆဲစကားလုံးများကိုရပ်တန့်လိုက်ပြီးနောက် တဟက်ဟက်နှင့် လှောင်ရယ်စပြုလာသည်။ ထို့နောက် သူ့ကိုယ်အောက်က ဘဝဟောင်းက သူ​၏အချစ်ဆုံးလည်းဖြစ်၊ အမုန်းဆုံးလည်းဖြစ်ခဲ့သော ရန်သူတော်ကြီး မိန်ဓိရာဇ်ဆိုသူကို စိမ်းဝါးသောအကြည့်အေးများနှင့် စိုက်ကြည့်နေခဲ့လျက်။ မိန်ဓိရာဇ်မှာ ရုတ်တရက် ကောက်ကာငင်ကာ ထရယ်နေသော သူ့ဂါလေးကို ကြောင်စီစီကြည့်နေရင်း အနည်းငယ်လန့်လာသည်။

"ဒီဘဝမှာ မင်းက ငါနဲ့ သိပ်လှတဲ့ကစားပွဲအသစ်တွေ ကစားချင်နေတာလား။ မင်းက နည်းအမျိုးမျိုးနဲ့ဉာဏ်များပြီး ယုတ်မာကောက်ကျစ်တတ်တဲ့မြေခွေးပဲ။ ဒီတစ်ကြိမ် မင်း ငါ့အပေါ် အကွက်အသစ်လေးတွေရွေ့လည်း အသုံးဝင်မှာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းကြီး သိထားဖို့လိုနေပြီ မိန်ဓိရာဇ်"

မိန်ဓိရာဇ်ခမျာ ရာဇသိင်္ဂါပြောနေသမျှ စကားလုံးတိုင်းကို နားလည်သလိုနှင့် မနားလည်နေပေ။ သို့သော် သူအပေါ်ယံနားလည်မိသည်က ရာဇသိင်္ဂါ​၏စကားလုံးများတွင် သူ့ကိုမယုံကြည်နေသော သံသယစိတ်များ တစ်ရာ ရာခိုင်နှုန်းပါဝင်နေသည်ကိုပင်။ ထို့ကြောင့် တစ်ချိန်တည်းမှာပဲ ရာဇသိင်္ဂါကို စိတ်ဆိုးဒေါသထွက်ချင်မိသော်လည်း ထိုကဲ့သို့လုပ်ပြန်လည်း သူတို့နှစ်ယောက်​၏ဆက်ဆံရေးသည် ပိုဆိုးသွားမည်ကို စိုးရိမ်ရသည်။

ရာစုနှစ်ပေါင်းများစွာက သူ့အတိတ်ဘဝဟောင်းကို မမှတ်မိနိုင်ခဲ့သော်လည်း ဤဘဝတွင် ဟယ်ရီရှိန်းနောင်အနေနှင့် သူမွေးဖွားလာကတည်းက သူသည် သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ဒုက္ခရောက်အောင် တစ်ခါမျှ မလုပ်ဘူးပေ။ လူသားအားလုံးအပေါ်တွင်လည်း သာတူညီမျှ ဆက်ဆံတတ်ပြီး တတ်နိုင်သမျှ ကူညီတတ်သူပင်။ ထို့အပြင် ဂိမ်းအဆော့မက်လွန်း၍ ခပ်စွာစွာစတိုင်နှင့် ဖာသိဖာသာနေတတ်သော်လည်း ပင်ကိုယ်စရိုက်သည် သနားကြင်နာတတ်လွန်းသည့်သဘာဝရှိ​၏။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now