Chapter 16/U: Reincarnations and Time Traveling (2)

184 23 10
                                    

အခန်း (၁၆)

လူပြန်ဝင်စားခြင်းများနှင့်
အချိန်ခရီးသွားခြင်းများ ()


"ပျင်းလိုက်တာနော်။ ဟင်း.... အနည်းဆုံးတော့ ဒီကမ္ဘာမှာ နေဖို့အတွက်၊ စားဖို့အတွက် မပူမပန်နေရဘူး။ မင်းသမီးဆိုတဲ့ဂုဏ်လည်း ရှိသေးတယ်။ အခုထိတော့ ကံကောင်းနေသေးတယ်လို့ပဲ ဆိုရမလား။ ကံတရားကိုတော့ စောစော မချီးမွမ်းရဲသေးဘူး။"

ကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကားနှင့် ထိုင်နေပြီး ထောင်နေသောဒူးပေါ်တွင် မေးတင်ကာ ပျင်းရိစွာ ငြီးတွားနေသည်က မင်းသမီး ဥမ္မာနဒီ ညွှန်းစာမှူး။

သူမသည် လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်ကအတိုင်း ရုပ်အဆင်းအင်္ဂါတွင် လှပထူးခြားလွန်းသဖြင့် အလှဧကရီများဖြစ်ကြသော ဧကရာဇ်ဘုရင့်သမီးတော် (၇) ပါးနှင့်အပြိုင် ဂုဏ်သတင်းကျော်ဇောထင်ရှားသည်။ အင်ပါယာလက်အောက်ခံတိုင်းပြည်အသီးသီးမှ မင်းသားများ​၏အသည်းကျော်မဟေသီတစ်ပါးလည်းဖြစ်ချေသည်။

မင်းသမီး ဥမ္မာနဒီက အိန္ဒြေအလွန်ကြီးမားသကဲ့ လူအများနှင့်လည်း လိုအပ်မှ စကားပြောတတ်သည်။ များသောအားဖြင့် သူမတစ်ယောက်တည်း တသီးတသန့်နေတတ်သူဖြစ်​၏။ တိုင်းသူပြည်သားများအပေါ်တွင်တော့ ချစ်ခင်ကြင်နာတတ်သူ၊ စာနာရိုင်းပင်းတတ်၍ ကူညီဖေးမလွန်းသူဖြစ်သောကြောင့် ဘုရင့်သမီးတော် (၇) ပါးနည်းတူ အင်ပါယာတစ်ခွင်လုံး​၏အချစ်တော် အသည်းကျောလေးတစ်ဦးဟု ဆိုနိုင်သည်။

ယခုကူးပြောင်းလာသည့် လူဝင်စားမင်းသမီးမှာတော့ ကြောင်တောင်တောင်နှင့်။

"ဒီကမ္ဘာကို mission တွေနဲ့ ကူးပြောင်းလာတာဆိုတော့ အရင်ဆုံး ငါ့ရဲ့အစ်ကိုတော်ဆိုတဲ့လူကြီးကို သွားရှာပြီး ရင်းရင်းနှီးနှီးနေရမယ်။ ဟင်း....ငါ့မယ်လည်း ဟိုဘက်ကမ္ဘာမှာတုန်းက ဘဝက စုတ်ပြတ်သတ်နေလို့ လွန်ခဲ့တဲ့ အတိတ် နှစ်ပေါင်း ၁၀၀၀ ကျော်တုန်းကလည်း ကောင်းခဲ့သလားဆို မကောင်းခဲ့ဘူးပဲ။ ဒါပေမဲ့ အဲဒီတုန်းက ငါဆိုတဲ့ဟာမက အတွေးတွေသေးသိမ်ခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာ။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now