Random Q & A From Readers to Author [U]

117 22 6
                                    



R: သာသာ...
ဟယ်ရီရှိန်း"နောင်"လား။ ဟယ်ရီရှိန်း "နှောင်"လား။ ဘယ်ဟာက အမှန်လဲ။

A: နှစ်မျိုးလုံးမှန်ပါတယ်။ တကယ်ကတော့ မိဘတွေ တရားဝင်ပေးထားတာ "နှောင်"ပါ။
"ဟယ်ရီရှိန်းနောင်"က သူ့နိုင်ငံသားမှတ်ပုံတင်မှာ "နှောင်" နဲ့ "နောင်" မှားရေးခံရကတည်းက အတည်ဖြစ်သွားတာ။ အဲဒီတော့ သူ့ကို "နှောင်" ရော "နောင်" ရော သုံးတတ်ပြီး "နောင်" ကို ပိုအသုံးများပါတယ်။

စာဖတ်သူတို့ကတော့ အားသန်ရာ ခေါ်ကြပါ။
"နှောင်" ရော " နောင်" ရောက ခေါ်လို့ကောင်းတယ်လေ။

R: သာသာ ဟယ်ရီရှိန်းနှောင်ကို ဘာလို့အောက်ထပ် ပို့ခဲ့တာလဲ😤

A: ပို့ချင်လို့ပို့တာ ဘာဖြစ်ချင်☺️
စတာ အဟိ🐳 တကယ်ကတော့ အောက်ထပ်ဆင်းခိုင်းလိုက်မှ ဇာတ်ရှိန်ပိုတက်သွားပြီး ဇာတ်လမ်းဇာတ်အိမ်လည်း ခိုင်၊ ပိုလည်းအချိတ်အဆက်မိလိမ့်မယ်လို့ ထင်တာကြောင့် ဟယ်ရီရှိန်းနှောင်တို့ကို Role Change လိုက်တာပါ။

အဲဒီ Role Change တာနဲ့ပတ်သက်ပြီး စန်းစန်းတင့်ဖြစ်သွားတဲ့ ရီဒါတို့ကိုတော့ ဘာပြန်လုပ်ပေးရမှန်း မသိဘူး🥲
Role လေး Change လိုက်တာ ဗွေမယူနဲ့ အာပွားနော်ဆိုပြီး အကုန်အာပွားပတ်ပေးရမလားပဲကွယ်။

R : ဒီFic က System မဟုတ်ဘူးလား သာသာ။ ရှိန်းတို့ကို ဘယ်လိုကနေ ရေးဖြစ်ခဲ့တာလဲ။

A: System မဟုတ်ပါဘူး ရှင်တို့ရယ်။
စာအုပ်ကြီးကို လမ်းပြ၊ ဟယ်ရီရှိန်းနောင်ကို ကူးပြောင်း၊ ရာဇသိင်္ဂါကို MC ထင်နေတဲ့ပုံပဲ။ အဲဒါကြောင့် အထင်မှားနေတာ ဖြစ်ပါလိမ့်မယ်။ တကယ်ကတော့ Japan anime တွေထဲက Isekai genre အမျိုးအစားကို inspire ယူပြီး မိမိစိတ်ကြိုက်ဖန်တီးဖြစ်ခဲ့တာပါ။

အရင်ကတည်းက Time Travel နဲ့ Rebirth အမျိုးအစားကိုရေးချင်ခဲ့တယ်။ Isekai ဆိုတာက မော်ဒန်ခေတ်မှာ သေသွားပြီးတော့မှ တခြား world တစ်ခုခု၊ universe တစ်ခုခုမှာ လူပြန်ဝင်စားမွေးဖွားတာမျိုး။ အရွယ်ရောက်ပြီးသား လူပြန်ဖြစ်တာမျိုးတွေပေါ့နော်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now