အခန်း (၅)
ဒုံဒါဒီဒူဘူဘူညတုန်းက သမင်ပျိုမယ်လေးကို ကျားစားခံထားရသဖြင့် မိန်ဓိရာဇ်မှာ နေ့ခင်းအထိ မထနိုင်ရှာပေ။ စာအုပ်ကြီးကလည်း မိန်ဓိရာဇ်ကို မနိုးရက်သဖြင့် အနားတွင် စောင့်ဆိုင်းနေ၏။ အစေခံ ဗဘုံလေးကမူ မိန်ဓိရာဇ် ထပ်မံပြီး နေမကောင်းဖြစ်နေသည်အထင်နှင့် နန်းတွင်းသမားတော်တစ်ယောက်အား အဆောင်တော်တွင်းသို့ ခေါ်ချလာ၏။
"သခင် မိန်ဓိရာဇ်...သခင် မိန်ဓိရာဇ်...ကျွန်တော်မျိုး ဗဘုံမှ သခင့်အတွက် သမားတော်အား ပင့်ဆောင်လာပါပြီ။ "
"အို...အသင်ဗဘုံ...ကျွန်ုပ်မယ် အိပ်ရေးမဝ၍သာ ကိုယ်ခံအားနည်းနေခြင်း ဖြစ်ပေသည်။ ရောဂါထွေထွေထူးထူး မရှိသည်မို့ သမားတော်ဆရာအတွက် တကူးတက လာရသည်မှာ အလွန်အားနာစရာ ကောင်းပါဘိ။ သို့ပေမဲ့ ရှိစေတော့...ရှိစေတော့။"
အနှီ နန်းတွင်းသမားတော်မှာ ခါးအနည်းငယ် ကုန်းနေကာ မျက်နှာအရေပြားသည်လည်း ပါးရေတွန့်နေပြီဖြစ်သည်။ အသက်အားဖြင့် ၆၀ ကျော်ပတ်ဝန်းကျင်လောက် ရှိပေမည်။ ထိုသမားတော် အဘိုးအို၏မေးစေ့ထက်မှ လက်တစ်ဝါးလောက် ရှည်လျားသော မုတ်ဆိတ်မွှေးဖြူဖြူတို့သည် ရေဆစ်သဖွယ် ကျဆင်းနေသယောင်။ ထို့အတူ ဆံပင်နှင့် မျက်ခုံးမွှေးနှစ်ဖက်စလုံးကလည်း ဖြူဖွေးနေပေသည်။ ဗဘုံလေးဘက်က တရိုတသေနှင့် မိန်ဓိရာဇ်၏ကုတင်ရှေ့တွင် ခုံနေရာချပေးသည့်အခါ အနှီသမားတော်အဘိုးအိုလည်း တည်ငြိမ်စွာ ထိုင်ချလိုက်သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သဖြင့် သူ၏လှုပ်ရှားမှုများမှာ နှေးတုံ့နှေးတုံ့နှင့်။
မိန်ဓိရာဇ်ခမျာ ကုတင်ပေါ်မှာပဲ ပက်လက်ကလေးလဲလျောင်းရင်း မှော်သမားတော်အဘိုးအိုထံမှ လက်ကနေတစ်ဆင့် သွေးခုန်နှုန်းစမ်းသပ်မှုကို မိနစ်အနည်းမျှ ခံယူခဲ့သည်။ ထို့နောက် မှော်သမားတော်အဘိုးအိုက ချောင်းဟန့်ခဲ့သည်။
"ညတိုင်း အိပ်ရေးဝဝ အိပ်နိုင်စေရန်နှင့် အားအင်ပြည့်ဖြိုးစေရန်အလို့ငှာ သခင်မိန်ဓိရာဇ်အတွက် ဆေးတစ်မျိုးကို သီတင်းတစ်ပတ်စာ ပေးခဲ့ပါမည်။ နေ့ခင်းတစ်ကြိမ်၊ ညခင်းတစ်ချိန် ဆေးတစ်ဖုံ သို့တည်းမဟုတ် နှစ်ဖုံအထိ သောက်သုံးနိုင်ပေသည်။"
![](https://img.wattpad.com/cover/347639859-288-k18184.jpg)
YOU ARE READING
ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]