Chapter 7/U: 'Love' that pretends to be 'Hate'

394 37 21
                                    

အခန်း ()
မုန်းမာန်ပျိုးသယောင်ရှိသည့် ချစ်မေတ္တာများ

မိန်ဓိရာဇ်က ကုတင်ပေါ်မှာထိုင်ကာ သူ့ဆံပင်ရှည်ကို ရွှေဒေါင်းဘီးနှင့် သေချာဖီးသပ်နေသည်။ ထို့နောက် မှန်ရှေ့မှာ ရှိုးထုတ်နေသော စာအုပ်ကြီးဘက်ကို မျက်နှာမူ၍ ခေါ်လိုက်သည်။

"စာအုပ်ကြီး..."

"ဟေ"

"ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ကျွန်တော့်ဘဝက ရာဇသိင်္ဂါပေါ်မှာ မူတည်နေပြီထင်တယ်။ သူပြောသွားတဲ့ထဲ ဒီကမ္ဘာက သူကလဲ့စားချေဖို့ဖြစ်လာတာဆိုတော့လေ။ သူ့ရဲ့အငြိုးအတေးတွေကို အတတ်နိုင်ဆုံး လျော့သထက် လျော့အောင်လုပ်ပြီး အရင်ဘဝဆီ ပြန်ရောက်သွားဖို့ကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူးမလား။"

မိန်ဓိရာဇ်က ကျွန်းမှန်တင်ခုံပေါ်ရှိ ရွှေခေါင်းစည်းကြိုးကို လက်ညှိုးညွှန်ပြလိုက်လျှင် စာအုပ်ကြီးက သူ့အစွမ်းဖြင့် ရွှေခေါင်းစည်းကြိုးအား လေပေါ်တွင် ဝဲပျံစေပြီး မိန်ဓိရာဇ်​၏ဆံထုံးလေးတွင် ဝဲကာရစ်ကာ တပ်ဆင်စေသည်။

ဖြောင်ခေတ်ရှိ အမျိုးသားတို့​၏ဆံပင်စတိုင်မှာမျိုးစုံရှိပြီး အင်ပါယာအတွင်း နိုင်ငံတကာမှ ဥရောပနှင့်အာရှလူမျိုးပေါင်းစုံနေထိုင်သဖြင့် ယဉ်ကျေးမှုမျိုးစုံ ရောနှောလျက်ရှိပေသည်။ ထို့အတွက် ဖြောင်ခေတ်ရှိ ဖြောင်လူမျိုး အမျိုးသားတို့သည် သျှောင်ထုံး၊ ဆံထုံး၊ ဆံပင်ဖားလျားအစရှိသောဆံပင်ပုံစံများသာမက တခြားသော ဆံပင်ပုံစံများစွာလည်း ဆင်ယင်ထုံးဖွဲ့တတ်ကြသေးသည်။ ဝတ်စားဆင်ယင်မှုတွင်လည်း ထိုနည်းလည်းကောင်းပင်။

"သိပ်မှန်တာပေါ့။ ငါလည်း ဒီကိုရောက်နေတာ သူ့ဆီက ခွင့်လွှတ်တာခံရဖို့နဲ့ မင်းကိုထိန်းကျောင်းပေးဆုံးမဖို့ ရောက်နေရတာ။ ဒါပေမဲ့ ငါ အံ့ဩနေတာတစ်ခုရှိတယ်။ အဲဒါက အချိန်ခရီးသွားနတ်ဘုရားမက မင်းတို့နှစ်ယောက်စလုံးကို အတိတ်ဘဝတွေအကြောင်း ဘာမှမမှတ်မိအောင်လုပ်မယ်ဆိုပြီး ခုကျတော့ ဘာလို့ရာဇသိင်္ဂါက ကွက်မှတ်မိနေရတာလဲဆိုတာ ငါလည်းမတွေးတတ်တော့ဘူး။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now