Chapter 15/Z: Reincarnations and Time Traveling (1)

69 12 0
                                    


(မှတ်ချက်။ ။ ဤအခန်းတွင်ပါဝင်လာမည့် အမျိုးသမီးဇာတ်ကောင်အသစ်သည် စာရေးသူ​၏အမာခံပရိတ်သတ်တစ်ဦးအား ချစ်ခင်သောအားဖြင့်လည်းကောင်း၊ အမှတ်တရဖြစ်စေရန်အတွက်လည်းကောင်း သူမအတွက် အထူးဖန်တီးပေးထားမည့်ဇာတ်ကောင်ဖြစ်ပါသည်။ သူမဘက်ကလည်း လိုလိုလားလား ခွင့်ပြုခဲ့သည်။ ဇာတ်လမ်းကိုတော့ သူမစိတ်ကြိုက် အလိုလိုက်မည်ဟု အာမမခံထားခဲ့ပါ။
သူမကလည်း စာရေးသူ စိတ်ကူးပေါက်သလို စိတ်ကြိုက်ပုံဖော်ခွင့်ပေးထားသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း 👁️🫦👁️)



အခန်း (၁၅)
လူပြန်ဝင်စားခြင်းများနှင့် အချိန်ခရီးသွားခြင်းများ (၁)

၂၁ ရာစု၊ ပန်ရာနိုင်ငံ​၏မြို့တော် ရော်ဆုန်မြို့။
မနက် ၁၁ နာရီ ၅ မိနစ်။

[ မှတ်ချက်။ ။ ဤ ရော်ဆုန်မြို့သည် "Eternal Sunshine (The Criminal Syndrome) ခေါ် "ထာဝရနေရောင်ခြည်" Fic တွင်ပါဝင်ခဲ့သော အဓိကဇာတ်ကောင်များဖြစ်ခဲ့ကြသည် သျှန်ဝေးနှင့် နေဒွေးဒံတို့နေထိုင်ခဲ့ရာမြို့ဖြစ်ပါသည်။ ]

မီးပွိုင့်​၏အချက်ပြမီးက အစိမ်းရောင်မှ အနီရောင်ဖြစ်ရန် ၇ စက္ကန့်သာ လိုတော့သည်။ မီးပွိုင့်ပေါ်တွင် ခိုကလေးများကလည်း ဇာတ်လေးများ ဘယ်ရွေ့ညာရွေ့နှင့်။ ဤကဲ့သို့ ခိုမောင်နှံများမှာ မီးပွိုင့်ပေါ်တွင် စီတန်း၍ အနားယူနေကြသည်။

ကားများက မီးမနီခက်အထိ တဝူးဝူးဖြင့် ဖြတ်သန်းမောင်းနှင်နေကြသည်။ လမ်းမကြီးနှစ်ဖက်က ပလက်ဖောင်းများပေါ်ရှိ လူသူအများကလည်း မီးပွိုင့်မီးစိမ်းလာပါက လမ်းဖြတ်ကူးရန်အတွက် အသင့်စောင့်ဆိုင်းနေကြသည်။ ထိုလူများထဲမှ အသက် ၂၀ ပတ်ဝန်းကျင်သာရှိဦးမည့်မိန်းမပျိုတစ်ဦးကတော့ မျက်နှာမှုန်သုန်သုန်နှင့် အသက်ရှင်သန်ချင်စိတ် ပျောက်ဆုံးနေပုံရသည်။

"ဟား....."

သက်ပြင်းကြောတစ်ခုအဆုံးမှာ သူမကိုယ်သူမ ပြစ်တင်ကဲ့ရဲ့သောစကားလုံးများကို တီးတိုးပြောဆိုနေခဲ့သည်။

"ရုပ်ကလေး လှရဲ့သားနဲ့ ကံကခေ၊
ပိုက်ဆံကလည်း မွဲ၊ ဘဲကလည်း ပစ်၊ အလုပ်ကလည်း ပြုတ်၊ အိမ်နဲ့လည်း မတည့်၊ တစ်လောကလုံးရဲ့ချဉ်ဖတ်လေးဟာ ငါ..."

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now