Chapter 2/U : A Promise

738 60 16
                                    

အခန်း (၂)
ကတိတစ်ခု

ဟယ်ရီရှိန်းနှောင်ဘဝမှ မိန်ဓိရာဇ်ဖြစ်လာသောပုဂ္ဂိုလ်လည်း အိပ်ရာထဲတွင် ၃ရက်လုံး ငိုင်မှိုင်ကာ ဘူပိတ်နေခဲ့သည်။ ဧကရာဇ်ဘုရင် "ရာဇာသိင်္ဂါဩရသ" ကလည်း မိန်ဓိရာဇ်ကို စိတ်ကျန်းမာရေးဖောက်ပြားနေသည်ဟု ယူဆခဲ့ကာ သူ့အား ကိုယ်ရံတော်အဖြစ် ကာကွယ်စောင့်ရှောက်ခြင်းတာဝန်မှ ခေတ္တရပ်ဆိုင်းပေးထား၏။

မိန်ဓိရာဇ်ခမျာ စားမဝင်အိပ်မပျော်ဖြစ်ကာ နေမကောင်းဖြစ်နေ၍ အိပ်ရာထဲလှဲနေခဲ့သည်။ ထို့နောက် သူ့အနီးနားက လူမျက်နှာစာအုပ်ကြီးကို လှမ်းကြည့်လျက်။

"စာအုပ်ကြီးရေ...."

"ဟေ...."

"ကျွန်တော့်မှာ မသိတာတွေ...မရှင်းတာတွေ အများကြီးရှိနေတယ်"

"အဲဒီတော့..."

"အဲဒီတော့ ကျွန်တော်သိချင်တာတွေ အကုန်မေးချင်တယ်ဗျာ"

"မေးစေ..."

ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီးလဲလျောင်းနေသော မိန်ဓိရာဇ်က ပန်းကနုတ်များဖြင့် ပြည့်နှက်နေသောမျက်နှာကြက်ကို ကြည့်နေရင်း ကုတင်ဘေးရှိ စားပွဲခုံပေါ်က လူမျက်နှာနှင့်စာအုပ်ကြီးကို စကားပြောနေခဲ့သည်။

"ကျွန်တော့်အရင်ခန္ဓာကိုယ်က ဘယ်ရောက်သွားတာလဲ"

"အဲဒါလား...မင်းက ဖြောင်ခေတ်စရောက်ထဲက စိတ်ဝိညာဉ်ပဲပါလာတာလေ"

"ဪ......ဟမ်....ဘာပြောလိုက်တယ်..."

မွန်ဓိရာဇ်လည်း စာအုပ်ကြီး​၏စကားကို အစပိုင်းတွင် 'ဪ' တစ်လုံးတည်းနှင့် မသိကျိုးကျွန်ပြုလိုက်တော့မည့်ဆဲဆဲ၊ တစ်ခုခုကို သတိရသွား၍ အသံကုန်အော်ဟစ်လိုက်သည်။

"အား....ဖြည်းဖြည်းပြောစမ်းပါကွ...ငါ့နားကန်းတော့မယ်"

"မဖြည်းနိုင်ဘူး...ကျွန်တော့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးက ဘယ်ရောက်သွားလို့ ဝိညာဉ်ပဲပါလာရတာလဲ...ခင်ဗျား ကျွန်တော့်ကိုယ်အဟောင်းကို ဘာလုပ်ပစ်လိုက်တာလဲ..."

"ဘာမှမလုပ်ပါဘူး...စိတ်လျှော့စမ်း။ မင်းရဲ့ခန္ဓာကိုယ်အဟောင်းက မင်းနေခဲ့တဲ့ကမ္ဘာအဟောင်းမှာ ကျန်ခဲ့ပြီ။ မင်းက ဒီ ဖြောင်ခေတ်ကို ဝိညာဉ်အနေနဲ့ရောက်လာပြီး မိန်ဓိရာဇ်ကိုယ်ထဲ ကူးပြောင်းသွားတာပဲ။ မိန်ဓိရာဇ်က မကောင်းဆိုးဝါးကျင့်စဉ်တွေကျင့်တာအောင်မြင်သွားပြီးတော့ စွမ်းအားကြီးလာတဲ့အတွက် ဘုရင်မင်းမြတ် "ရာဇာသိင်္ဂါဩရသ" ကို လုပ်ကြံဖို့ အစီအစဉ် စဆွဲနေပြီ။ "

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Waar verhalen tot leven komen. Ontdek het nu