Chapter 6/U: A Pawn in the Chess

376 36 21
                                    

အခန်း ()
စစ်တုရင်ကစားပွဲက နယ်ရုပ်လေးတစ်ရုပ်

ရာဇသိင်္ဂါဘက်က အတိတ်ရာဇဝင်အကြောင်းသာမက စာအုပ်ကြီး​၏အကြောင်းပါ အကျဉ်းဖျဉ်းပြောပြ၍ နားလည်သဘောပေါက်သွားသော မိန်ဓိရာဇ်မှာ စာအုပ်ကြီးအပေါ် တွင် သိပ်မကျေနပ်နေပေ။ အကြောင်းကမူ စာအုပ်ကြီးဘက်က သူ့ကို တစ်ချိန်လုံး အချိုးပြေပြေနေရန်သာ ဆုံးမခဲ့သည်။ စာအုပ်ကြီးကတော့ သူ ကိုယ်တိုင်ကျူးလွန်ခဲ့သော အပြစ်တချို့ကိုပါ အတိတ်မေ့ထားခဲ့သည့်အပြင် မှတ်တမ်းတချို့ကိုပါ ဖျောက်ပစ်ခဲ့သည့်အတွက်ကြောင့်။

"မင်း ငါ့ကို အဲဒီလိုမျက်စောင်းကြီးနဲ့ တစ်ချိန်လုံး ကြည့်မနေနဲ့လေ"

"ခင်ဗျားက ကျုပ်ပြောလိုက်ရင် လိမ်လိမ်မာမာနေတို့၊ အချိုးပြေပြေနေတို့ပြောခဲ့ပြီး အတိတ်မှာ ခင်ဗျားအချိုးမပြေတာတွေကိုတော့ အတိတ်မေ့ခဲ့တာလေ။ မျက်စောင်းမထိုးဘဲ မနေနိုင်ဘူး။ "

"အဲဒါတော့ အဲဒါပေါ့။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ထက်အချိုးမပြေတာ ပိုများခဲ့တာပဲ။"

"ကျုပ်အပေါ်ပဲ လွှဲချနေလိုက်"

မိန်ဓိရာဇ်နှင့် စာအုပ်ကြီးတို့ အငြင်းပွားနေကြစဥ် ရာဇသိင်္ဂါမှာ နားငြီးလာသည်။

"ကျစ်...တော်ကြတော့။ နှစ်ယောက်လုံးက အနှစ်တစ်ထောင်ကြာသွားတဲ့အထိကို ကျက်သရေကိုတုံးနေဆဲပဲ။"

ရာဇသိင်္ဂါက စိတ်မရှည်စွာ အော်ဟစ်လိုက်သည့်အခါ နှစ်ယောက်သားငြိမ်သွားကြသည်။ သို့သော် မိန်ဓိရာဇ်ကမူ သူ့တွင်မေးချင်သည့်မေးခွန်းများစွာရှိနေသည့်အတွက် ချောင်းလေးတဟန့်ဟန့်နှင့် ရာဇသိင်္ဂါဆီကနေ "attention " ရယူနေသည်။

"အဆင်ပြေမယ်ဆိုရင် ငါသိချင်တာတွေ မေးလို့ရမလား"

"ဘာတွေမေးမလို့လဲ"

ရာဇသိင်္ဂါက မထီမဲ့မြင်ပြုပြီး ဘောက်ဆတ်ဆတ်တုံ့ပြန်ခဲ့သော်လည်း မိန်ဓိရာဇ်က သိလိုစိတ်ပြင်းပြစွာ တစ်ခုချင်းစီမေးရန် စတင်တော့သည်။

"ပထမဦးဆုံး ငါမေးချင်တာက ဒီကမ္ဘာက မင်း  ငါ့ကိုပြန်ကလဲ့စားချေဖို့အတွက် မင်းစိတ်ကူးထဲကအတိုင်း သီးသန့်ဖြစ်တည်လာတာလားပေါ့နော်။ စာအုပ်ကြီးကို ဒီကမ္ဘာမှာ မင်းဘက်ကနေ ဖျောက်ထားချင်ရင်တောင် ဖျောက်ထားနိုင်တဲ့အထိ မင်းမှာစွမ်းအားတွေ ရနေတာလား။ ပြီးတော့ ငါကရော ဘာလို့စွမ်းအားတွေ မရှိနေတာလဲ။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now