Chapter 9/U: Royal Mess

243 30 10
                                    


အခန်း()
နန်းတွင်းအရှုပ်အထုပ်များ

လွန်ခဲ့သော အနှစ်တစ်ထောင်ခန့်က သာယာအေးချမ်းသော ဖြောင်ခေတ်တွင်ဖြစ်သည်။ ဖြောင်ဧကရာဇ်မင်းကြီး ရာဇာသိင်္ဂါဩရသ စိုးစံစဉ်အချိန်ကာလ....။

"ဥုံ ဒုံဒါဒီဘူဘူ .... ဒုံဒါဒီဘူဘူ
ဥုံ ဘူဘူဒီဒါဒုံဒုံ... ဘူဘူဒီဒါဒုံဒုံ"

"ဥုံ ... လာလေ့ရောလေ လေရော့လေလေ
ဥုံ...လေရော့လေလေ လာရော့လေလေ"

"သုန် အုန် မုန် ဟုန် အဓွန့်ရှည်စေ"

'သုန်အုန်မုန်အုန်' မှော်ဖြူကျောင်းတော်ကြီး​၏မနက်ခင်းအတန်းချိန်အတွင်း မင်းညီမင်းသားကျောင်းသားများစွာမှ ဆရာကြီး ဒုံဒါဒီဘူဘူ သို့မဟုတ် ဆရာဒုံအား ဂုဏ်ပြုမန္တန်ဖြင့် နှုတ်ဆက်နေကြခြင်းဖြစ်​၏။

ဆရာဒုံက သက်တော် ၄၀ ကျော်ရှိနေသော်လည်း ချောမောနုပျိုသော သက်လတ်ပိုင်းအမျိုးသားအသွင်ရှိသည်။ မျက်ခုံးထူထူနက်နက်၊ နှာခေါင်းတိုတိုစင်းစင်း၊ နှုတ်ခမ်းပါးလှပ်လှပ်နှင့် ကျောက်စိမ်းရောင် မှော်မျက်လုံးများကို ပိုင်ဆိုင်ထားလျက်။ ထို့အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ထားသော မှော်ဂမ္ဘီရအတွင်းစွမ်းအားများကြောင့် နက်မှောင်သန်စွမ်းတောက်ပြောင်ပြီး လှိုင်းတွန့်သဏ္ဌာန် ကောက်ကွေးသော ဆံကေသာရှည်ကို ပိုင်ဆိုင်ထားသည်မှာ သူ၏ရုပ်ရည်ကို ပိုပေါ်လွင်စေသည်။

သို့သော် ချွင်းချက်မူကား ဆရာဒုံသည် အရပ်အားဖြင့် ၅ ပေ ၂ လက်မခွဲသာရှိသည်။ ထိုဖြောင်ခေတ်က အမျိုးသားအများစုသည် အရပ် ၆ ပေ ၈လက်မအထိ သန်မာထွားချိုင်းကြပြီး ၅ပေ ၆လက်မသည် အနေတော်ဖြစ်သည်။ ပျှမ်းမျှဖြောင်အမျိုးသားတစ်ယောက်၏ပုံမှန်အရပ်မှာ ၆ ပေဖြစ်လျက်။ ထိုခေတ်၌ အမျိုးသားတစ်ဦူသည် အရပ် ၅ ပေ ၆ လက်မအောက်ရှိလျှင် လူစဉ်မမီသောပုဂ္ဂိုလ်ဖြစ်လျက်။

(အမျိုးသမီးများကမူ ပျှမ်းမျှ အရပ်အရှည်ဆုံး ၆ ပေမှ အပုဆုံး ၃ ပေ ၅ လက်မအထိရှိ၏။ ဖြောင်အမျိုးသမီးများတွင် ပုံမှန်အားဖြင့် အရပ် ၅ ပေ ၆ လက်မရှိသည်။ အရပ်ပုသည့်အမျိုးသမီးဟူသည် ရှားပါးလွန်း၏။)

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now