Chapter 17/U: Reincarnations and Time Traveling (3)

110 14 17
                                    


အခန်း (၁၇)

လူပြန်ဝင်စားခြင်းများနှင့်
အချိန်ခရီးသွားခြင်းများ (၃)

ငယ်ချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးလို့ဆိုသတဲ့။ ကျွန်မအတွက်တော့ နှစ်တစ်ထောင်ကျော်သွားတာတောင် တိတ်တခိုးချစ်ခဲ့ရတဲ့အချစ်ဦးကို မမေ့နိုင်သေးတာ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ပြစ်ဒဏ်တစ်ခုလို့ ဆိုရမလား။ ဒီလိုလည်း မဟုတ်သေးဘူး။

ကျွန်မကိုယ်တိုင်က လိုလိုလားလား မက်မောတဲ့ အဆိပ်ကလေးတစ်ခု...။

နေရောင်ခြည်လွှာ​၏အလင်းဖျာမှုက သစ်ရွက်စိမ်းကလေးများအပေါ်  နွေးထွေးစွာ နေရာယူထားသည်။ သစ်ကိုင်းထက်တွင်မူ စာကလေးငှက်မောင်နှံမှာ တစ်တီတူးကာ ကြည်နူးနေကြသည်။ ပတ်ဝန်းကျင်လေထုမှာ သန့်စင်ကြည်မြ၍ ဥတုရာသီကလည်း ကြည်လင်အေးချမ်းနေ၏။ ထိုစဉ် ပိတုန်းရောင်ကေသာဂုတ်ဝဲနှင့် အသားရေဖွေးစင်သည့် ကောင်မလေးတစ်ယောက်က တက္ကသိုလ်ဝန်း​၏လမ်းမကြီးပေါ်တွင် လမ်းလျှောက်လာခဲ့သည်။

"Gee, gee, gee, gee, baby, baby, baby
Oh, neomu bukkeureowo chyeodabolsu eopseo
Sarange ppajyeoseo sujubeungeol
Gee, gee, gee, gee, baby, baby, baby
Gee, gee, gee, gee, baby, baby, baby"

ခေါင်းပေါ်တွင် အနီရောင်ရဲရဲ Headphone ကို တပ်ဆင်ထားပြီး နိုင်ငံခြားဘာသာ သီချင်းတစ်ပုဒ်ကို နားထောင်ရင်း စိတ်ကြည်လင်နေသည့်ဟန်။

အဖြူရောင် တင်းနစ်စကတ်လေးသည် လေအဝှေ့တွင် အနည်းငယ်လွင့်ကားသွားစဥ် ဖြူသွယ်ရှည်လျားသော ပေါင်တံနုနုဖွေးဖွေးလေးမှာ အတိုင်းသားပေါ်လွင်သွားလျက်။

တက္ကသိုလ်ကျောင်းဝန်းအတွင်း မေဂျာအစုံမှ လမ်းသွားလမ်းလာ ကျောင်းသား၊ ကျောင်းသူများနှင့် စည်ကားပြည့်နှက်နေသည်။ မော်စိပိတက္ကသိုလ်သည် ပန်ရာနိုင်ငံ၊ ရော်ဆုန်မြို့တွင် ဥရောပ အနောက်တိုင်းအငွေ့အသက်များနှင့် ခမ်းနားထည်ဝါစွာ တည်ရှိနေသော နိုင်ငံ့ဂုဏ်ဆောင်ထိပ်တန်းတက္ကသိုလ်တည်း။

ကျွန်မကို လူတိုင်းက 'နှင်းသဒ္ဓါဖြူ' သို့မဟုတ် 'နှင်းဖြူလေး' ဟူ၍ ခေါ်လေ့ရှိကြသည်။ အသက် ၁၇ နှစ်ပြည့်ပြီးသည်မှာ သိပ်မကြာသေးပါ။ အထက်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းနှင့်အောင်မြင်ခဲ့သည့်အတွက် ယခုမော်စိပိတက္ကသိုလ်တွင် စိတ်ကြိုက်မေဂျာအား ရွေးချယ်တက်ရောက်ခွင့်ရခဲ့သည်။ ကိုရီးယားဘာသာစကားကို အလွန်နှစ်သက်မိ၍ ကိုရီးယားမေဂျာအား သင်ယူနေသည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now