part 54

4.7K 147 8
                                    

"ငွေက အရစ်ကျပေးမှာလား, လက်ငင်းပေးမှာလားရှင့်..

"လက်ငင်းပဲပေးမှာပါဗျာ..ဒါနဲ့အမ ကျွန်တော့်အဖွားက ဒါလေးပေးခိုင်းလိုက်လို့ပါ..

စဝ်ခွန်နောင် သူလွယ်လာတဲ့ ရှမ်းလွယ်အိတ်လေးထဲက အဖြူရောင်အိတ်လေးထပ်ထားတဲ့ အိတ်လေးတစ်ခုကို လှလွန်းသူအား ပေးလိုက်၏

"ကျွန်မ လက်မခံပါရစေနဲ့ရှင့် Customerတွေဆီက လက်ဆောင်တွေ ယူပိုင်ခွင့်မရှိပါဘူးရှင့်..

"ကျွန်တော့်အဖွားကစေတနာနဲ့ပေးတာမို့လက်ခံစေချင်ပါတယ်ဗျာ..တန်ဖိုးကြီး လက်ဆောင်လဲမဟုတ်ပါဘူးဗျာ...ယူလိုက်ပါနော် မယူရင်အဖွားစိတ်မကောင်းဖြစ်မှာဗျ..

ရှမ်းလွယ်အိတ်လေးထဲကထုတ်လာတဲ့ အိပ်အဖြူလေးကိုလှလွန်းသူကိုအတင်းပေးနေတာကြောင့် သူမလဲမယူရင်အားနာစရာကြီးလေ ဒါကြောင့်

"ဟုတ်ကဲ့ရှင့် ဒါဆိုလဲ လွန်းယူထားလိုက်ပါ့မယ်

ထိုအထုတ်ဖြူလေးကိုယူလိုက်၏ ပြီးတော့ စဝ်ခွန်နောင်ကို ငွေရှင်းဖို့ ခေါ်လာခဲ့ပေးပြီး သူမကတော့လုပ်စရာရှိတာလုပ်ဖို​့ထွက်လာသည်

"ဟဲ့,ဘာတွေပေးသွားတာလဲလွန်း

"မသိပါဘူးဟယ်.,နင်ကြည့်ချင်ကြည့်လေ ရော့

အိတ်အဖြူလေးကို တုံလောထံပေးလိုက်သည် တုံလောရပြီးတာနဲ့ အိတ်လေးကိုဖွင့်ကြည့်လိုက်တော့

"မိုက်လိုက်တာ ရှမ်းဝတ်စုံလေးဟ..

"ဟုတ်လား, နင်ယူမို့လား..

"မယူဘူးလေ, နင့်ကိုပေးတာနင်ပဲယူပေါ့ ။ ဒါနဲ့ငါပြောစရာရှိတယ်လွန်း..

"အေ.. ပြောလေ

သန့်ရှင်းရေးလုပ်ရင်းတုံလောရဲ့စကားကို နားထောင်နေသည်

"ဦးခန့်ကို နင်တကယ်ပဲမလိုအပ်တော့ဘူးလားလွန်း.. ချစ်ရောမချစ်တော့ဘူးလား..

တုံလောမေးတဲ့မေးခွန်းကို ဖြေဖို့ တိတ်ဆိတ်သွား၏

"လွန်း...ဖြေလေ

"ငါ..ငါရင်ထဲမှာအခုထိသူပဲ.. ဘာလို့လဲ ငါသူ့ကိုမုန်းရမယ်လေ ငါသူ့ကိုနာကျည်းရမယ်.. ငါအနှစ်နှစ်လလ မုန်းခဲ့တာတွေ အခုသူ့ကိုပြန်မြင်တော့လေ.. ငါ့ရင်ဘက်...ဒီရင်ဘက်ကပြန်ခုန်လာတယ်.. ဘာလို့လဲ.

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now