part 27

7.8K 133 7
                                    

"ကလင်း..ကလင်း..ကလင်း..,အင်း..ဘယ်သူဖုန်းဆက်တာလဲမသိဘူးdaddy,..

လှလွန်းသူ မထချင်သေးတာကြောင့် ဘုန်းမင်းခန့်ကိုကိုင်ခိုင်းတော့လဲ ဘုန်းမင်းခန့်က အိပ်ယာထဲက ပြန်ချိန်ထသွားမှန်းမသိ..ဒါကြောင့် သူမကိုယ်တိုင်ပဲ ဖုန်းကိုကိုင်လိုက်၏

"Hello "

"လွန်း,ငါပါ..

ဟုတ်ပါတယ် တုံလောတို့အကြံအတိုင်း သူမကိုဖုန်းဆက်လာ၏..လှလွန်းသူကတော့ တုံလောဖုန်းဆက်လာတာကြောင့် အရမ်းဝမ်းသာမိသည်..သူငယ်ချင်းဆိုလို့ ရွားရွားပါးပါး တုံလောနဲ့မင်းကုသာရှိသည်..

"ဟင်,တုံလော..

"ငါ...ငါတောင်းပန်ပါတယ်ဟာ..ဟိုအရင်နေ့က ကိစ္စအတွက်..

"ရပါတယ်ဟာ..ငါနားလည်ပါတယ် နင့်နေရာမှာတခြားသူဆိုလဲ ပြောမိမှာပဲ..ငါစိတ်ထဲမထားပါဘူး

"ဒါဆိုရင် ငါနင့်ကို မုန့်လိုက်ကျွေးချင်တယ်..

"ကလေးငယ်ရေ..မနက်ဆာစားရအောင် ကိုယ်ပြင်ထားပြီးပြီး..

သူမတို့နှစ်ယောက် ဖုန်းပြောနေတုန်း ဘုန်းမင်းခန့်ကထမင်းစားဖို့ လှလွန်းသူကိုလာခေါ်တဲ့အသံကို တုံလောကြားသွား၏..တုံလောရဲ့မနာလိုမှုတွေက ပိုတောင် ဆိုးလာသည်..

"နင်ဦးခန့်ကို ခ်စ္သြားပီးလား..နင်နဲ့ဦးခန့်ရဲ့အခြေနေဘယ်လိုနေလဲ..

"ဟင်..

ချက်ချင်းထမေးလာတဲ့ တုံလောရဲ့အမေးအတွက် သူမမွာ အဖြေမရှိ..ဘုန်းမင်းခန့်ကို သူမချစ်နေပြီးလား...မခ်စ္ဘူးလား..မသိ..

"ဟို...ဟို..

"နင်မချစ်ဘူးဆိုတာငါသိပါတယ်..ငါကိုပြန်အောင်သွယ်ပေးပါနော်..ငါတောင်းပန်ပါတယ်ဟာ..နင့်အတွက်မနစ်နာစေရပါဘူး

တုံလောဘက်ကစကားအပိတ်တွေကြီးပဲပြောလိုက်တာကြောင့် လှလွန်းသူလှည့်လို့မရတော့ပေ..

"အင်းပါ,ငါကူညီပေးပါ့မယ်..နင်daddyကို..ဟိုဦးဘုန်းမင်းခန့်ကိုချစ်ရင်..

"အေးပါ,သူငယ်ချင်းရယ်..ဒါကြောင့်ချစ်နေရတာ..ငါတို့တွေ့နေကျ မိန်းမရဲတောင်နားက(.......)ဆိုင်ကိုလာခဲ့နော်..စောင့်နေမယ်..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Tempat cerita menjadi hidup. Temukan sekarang