part 9

9.2K 178 3
                                    

"သမီးရေ"ဧည့်သည်ရောက်နေတယ်,..လာပါဦးကွယ်,.

"တုံလော ရောက်နေတာလား,ဒါဆိုသမီးအခန်းထဲပဲလွတ်ပေးလိုက်မေမေ,

သူမအခန်းထဲမှာ မုန့်စားရင်း စာအုပ်ဖတ်နေတာကြောင့် အပြင်မထွက်ချင်ပေ,..အပြင်မှာလာတဲ့ ဧည့်သည်ကိုလဲ ဘယ်သူဘယ်ဝါမှန်းမသိပဲ သူမအတွေးနဲ့သူမတွေးကာ တုံလောဆိုပြီး အခန်းထဲလာခိုင်းခြင်းဖြစ်သည်..

"မဟုတ်ဘူး,အပြင်ထွက်လာဦး မိလွန်း,..ဧည့်သည်ကိုလဲ နည်းနည်းပါးပါးထွက်ကြည့်ဦး,

ဒေါ်စင်သီတာအော်လိုက်မှ သူမလဲဖတ်လက်စစာအုပ်လေးကိုချပြီး အပြင်ထွက်လာခဲ့တော့..ဧည့်သည်ကိုထွက်တွေ့တော့,.

"ဟင်း"ကုသ..ဘယ်လိုလုပ်ပြီး ဒီထိရောက်လာတာလဲ,..လာမယ်ဆိုလဲ ကြိုပြောပေါ့..ငါရွာထိပ်မှာလာကြိုမှာပေါ့,.

"အောင်မလေး,အခုမှ,..မပြောချင်ဘူးနော် မိလွန်း,..

သူမအမေ မျက်စောင်းလေးထိုးပြီး မာန်လိုက်တာကြောင့်.. မင်းကုသတစ်ယောက်..သူကြောင့် လှလွန်းသူအဆူခံထိမှာဆိုးတာကြောင့်

"ကျွန်တော်လဲ လွန်းကိုကြိုမပြောတော့ သူမသိဘူးလေ ဒါကြောင့်အန်တီခေါ်တာ သူမထွက်လာတာနေမယ်..

ကာပြောပေးနေတဲ့ မင်းကုသကိုကြည့်ပြီး ဒေါ်စင်သီတာတစ်ယောက်တွေးလိုက်မိ၏..သူမတို့နှစ်ယောက်က တော်တော်လေးသံယောဇဥ်ရှိကြတာပဲ...ဒီလောက်ဝေးတဲ့ခရီးကိုတောင် အရောက်လာလည်တဲ့ မင်းကုသရဲ့သံယောဇဥ်က တော်ရုံမဟုတ်ပေ...

"သမီးတို့တွေ စကားပြောကြဦးနော်,..အန်တီစားစရာလေးသွားပြင်ပေးမယ်,သားတည်းဖို့အခန်းပါတစ်တည်းပြင်ခဲ့ပေးမယ်...

"ဟုတ် "အန်တီ,ကျေးဇူးပါ..

ဒေါ်စင်သီတာလဲ စားစရာနဲ့မင်းကုသနေဖို့စတင်ပြင်ပေးတော့၏..မင်းကုသဆိုတာကလဲ အရင်ကတည်းက ဒီအိမ်မှာတံခါးမရှိဓားမရှိ..လှလွန်းသူရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့် မင်းကုသအတွက်တော့ အားနာစရာမရှိ..

"လွန်း"နင်အလုပ်မသွားဘူးလား..

"မသွားဘူးလေ,လိမ္မော်သီးတွေခူးပြီးပြီးဆိုတော့ ငါ့အလုပ်သိပ်မရှိလို့နားနေတာ,..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now