part4

11.7K 226 3
                                    

"သွားရအောင်, လွန်း...

တုံလောတစ်ယောက် စောစောစီးစီးပဲ လျှပ်စစ်ဆိုင်လေးနဲ့လှလွန်းသူကို လာခေါ်သည် တုံလောတို့မိသားစုကလဲ လှလွန်းသူတို့လောက်ပဲ ပြည့်စုံသည်.

"ဟဲ့,ငါကအဖေ့ကားနဲ့သွားမလို့...

"မသွားပါနဲ့ဟယ်..ငါနဲ့ပဲသွားမယ်..ငါလဲနင်တို့ဆီမှာပဲအလုပ်လုပ်တာပဲ..

တုံလော သူတို့သမီးလေးကို အခုလိုစိတ်ရင်းမှန်နဲ့ခင်တာမြင်တော့... ဦးအာဏာနဲ့ဒေါ်စင်သီတာတို့ ဝမ်းသာမိ၏ အခုလို သူမသမီးလေးမှာ သူငယ်ချင်းလေးရှိတာ..

"သွားလိုက်လေ သမီးရယ် သူငယ်ချင်းလာခေါ်နေပြီးပဲဟာ အဖေကနောက်မှအေးဆေးလိုက်လာမယ်, .

"ဟုတ်ကဲ့,ဖေဖေ ..သွားပြီးနော် မေမေ..

ဘောင်းဘီပွပွလေးရယ် အကျီပွပွလေးရယ် ဦးထုတ်လေးရယ် မျက်မှန်လေးကတော့ မပါမဖြစ်..သနပ်ခါးကလဲ အမြဲလိမ်းဖြစ်သည် လိမ်းတာကလဲ ရေကျဲလေး..

"ဟဲ,နင်ကလဲ နည်းနည်းပါးပါး ပြင်ပါဦးဟ..ဒီပုံစံကြီးနဲ့ လား..

"အေးလေ ငါကဒီတိုင်းပဲနေတတ်တယ်

"ပြီးရော ပြီးရော...တတ်ခဲ့ ငါတို့သွားရအောင် မြို့ထဲကဆိုင်ကို

"ဘယ်ကိုသွားမှာလဲ လိမ္မော်ခြံကိုမဟုတ်ဘူးလား.

"ဟဲဟဲ.. Daddy ကြီးနဲ့သွားတွေ့မလို့ သူက ငါ့ကိုမနက်ကဖုန်းထဲမှာ သူနဲ့တွေ့ဖို့တဲ့ခွင့်တောင်းတယ်.

တုံလောဆီကို ညက ဘုန်းမင်းခန့် ဖုန်းဆက်လာ၏ ဖုန်းထဲမှာ သူမကိုတွေ့ချင်ကြောင်းရယ် .. ပြောစရာရှိကြောင်း.. တုံလောကတော့ ဘယ်ငြင်းမလဲ မိန်းမကြိုက်တော့ စိုက်စိုက်လာဆိုတဲ့အတိုင်း 

"ဟဲ့,သူများက မယားတွေကလေးတွေရှိလားမသိဘူး မကောင်းဘူးနော်..

"မရှိလောက်ဘူးထင်တယ်.. ရှိရင်သူကအခုလိုပြောမလားဟဲ့,

"အေအေး ပြီးရော.. သွားမယ်..မြန်မြန်တော့ပြန်မယ်နော် ငါ့အဖေစိတ်ပူမယ်..

"အေအေ, ငါဖုန်းဆက်လိုက်ဦးမယ်,.

ဘုန်းမင်းခန့်တစ်ယောက် ဆေးရှုပြီး မှိန်းနေချိန်.. ဖုန်းအဝင်callတစ်ခုဝင်လာတာကြောင့်.. စိတ်တော်တော်တိုသွားသည်..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now