part 7

9.9K 200 5
                                    

ဒီနေ့ သူတို့ခြံထဲက လိမ္မော်သီးခူးပြီး ဝယ်သူတွေဆိီကို တခါတည်းပို့ရမဲ့နေ့ဖြစ်တာကြောင့် လှလွန်းသူတစ်ယောက် အလုပ်ကိုပဲသေချာအာရုံစိုက်ပြီးလုပ်နေ၏.. ထိုလိမ္မော်ခြံကြီးကိုလဲ သူမအရမ်းတန်ဖိုးထားသည် သူမတို့စားဝတ်နေရေးကို ထိုလိမ္မော်ခြံကပဲ အဓိကရနေတာမို့ သူမလဲကျောင်းမနေတော့တဲ့လူဖြစ်တာကြောင့် အလုပ်ကိုပိုပြီးအာရုံထားရတော့မှာဖြစ်သည်..

"လွန်း "နင်မနားဘူးလား မနက်ကတည်းက လိမ္မော်သီတွေခူးနေတာ,.

"ဟုတ်တယ်လေ "သမီးရယ်..နားပါဦး,.ဝယ်သူကညနေမှာ အေးဆေးလာမှာ ဒီတခါတော့ အဖေတို့ကံကောင်းတယ်ပဲပြောရမယ်.. ဝယ်သူက အဖေတို့ခြံထဲကအသီးတွေကို သူများတွေထပ်စျေးနှစ်ဆပေးတဲ့အပြင် လိမ္မော်သီးတွေကိုလဲ သူကအကုန်ယူလိုက်တယ်,

"ဟုတ်လား"ဒါဆို သမီးတို့တွေ လိမ္မော်သီးတွေရောင်းပြီးရင် အလုပ်သမားတွေနဲ့တူတူပျော်ပွဲစားလုပ်ကြမယ်လေ..

သူမ အသီးတွေလဲခူး...သူမအဖေနဲ့သူမသူငယ်ချင်းကိုလဲ စကားပြော..ဒီနေ့အလုပ်လုပ်ရတာ လှလွန်းသူတစ်ယောက်တော်တော်လေးကို တတ်ကြွနေတာအမှန်ပေ..

🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊

"အကိုလေးက လိမ္မော်တွေ ဒီလောက်အများကြီးကိုဘာလို့မှာတာလဲ"လိမ္မော်သီးထဲကို ဘိန်းဖြူတွေထည့်ပြီး ပို့မလား,.

"လုပ်စရာရှိလို့ မှာတာပေါ့ မင်းကသောက်ရစ်ကိုရှည်တယ်, ..မိန်းမ တောင်မင်းလောက်မရစ်ဘူး...

"အော်"အကိုလေးရယ် ဆရာတပည့်မို့ မေးတာပါ,အကိုလေးကလဲစိတ်ကြီးပဲ,.

ဝဏပြောတဲ့စကားတွေကလဲ မှန်နေသည်..ဒီလိမ္မော်သီးတွေကို သူကိုယ်တိုင်လဲ ဘာလုပ်လို့ လုပ်ရမလဲမှန်းလဲမသိ..ဒါပေမဲ့ခေါင်းထဲကအတွေးတစ်ခုဝင်လာခဲ့သည်..

"စစ်ဘေးရှောင်လေးတွေ သွားလှူလိုက်ကွာ..စ

"စစ်ဘေးရှောင်!?

ဝဏ သူ့ဆီဆရာစကားကြောင့် နည်းနည်းကြောင်နေသည် ဘုန်းမင်းခန့် ကအခုလိုတခါမှ တခြားလူအပေါ် တွေးပေးတဲ့လူမဟုတ်တဲ့လူဖြစ်တာကြောင့်

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now