part39

4.1K 152 9
                                    

"အဖျားကဘာလို့မကျသေးတာလဲ ကလေးငယ်ရယ်..ကိုယ်စိတ်ပူလို့သေတော့မယ်, .

သတိမရတစ်ချက် ရတစ်ချက်နဲ့ လှလွန်းသူကို နှဖူးလေးစမ်းပြီး မျက်ရည်တွေရွဲလို့ ယောကျ်ားတန်မဲ့..

"အကိုလေး, .

"ဂျပန်ကို ပစ္စည်းတွေအဆင့်သင့်ရွေ့ထား..

"အဲ့လိုလုပ်လို့ကောင်းပါမလား အကိုလေး.

"မင်းမရှည်နဲ့ဝဏ ငါပြောသလိုလုပ် ကွာရှင်းစာချုပ်ယူလာတယ်မဟုတ်လား..

ဘုန်းမင်းခန့် ဒီလိုပုံစံမျိုးနဲ့သူမအနားမှာဆက်နေရင် ကျိန်းသေပဲ လှလွန်းသူနဲ့သေခွဲခွဲရမှာဖြစ်သည် အခုတော့ သူမနားကနေ အချိန်အတိုင်းအတာတစ်ခုထိ ထွက်သွားပြီး အလုပ်သစ်တစ်ခုကိုစတင်ပြီးမှ ကောင်းမွန်တဲ့ပုံစံနဲ့သူမနားကိုပြန်လာဖို့ဆုံးဖြတ်လိုက်သည် ဒီကိစ္စက မလုပ်ချင်ပေမဲ့လဲ သူမပြောခဲ့သလိုပဲ အနာဂတ်မှာ ကလေးတွေရလာလို့ မင်းအဖေကဘာအလုပ်လုပ်လဲဆိုတာမေးရင် အဖြေရှိအောင်လုပ်ဖို့လိုအပ်သည်

"နာကာရှီက ထိုင်းကိုထွက်သွားဖို့ပြင်နေပြီးအကိုလေး..

"ငါသိတယ် အဲ့ဒါနောက်မှရှင်းမယ်, အခုငါ့မိန်းမမိဘတွေကို အကြောင်းကြားလိုက်.. သူသတိမရခင်ငါထွက်သွားဖို့လိုတယ်

ဘုန်းမင်းခန့် ကြိုတင်စီစဥ်ထားတဲ့အတိုင်း boxလေးတစ်ခုထဲကို စာရွက်စာတမ်းတွေထည့်ထားလိုက်ပီး ကုတင်ဘေးကခုံမှာ တင်ထားလိုက်သည် လိုအပ်တဲ့ပိုက်ဆံနဲ့ လူနာစောင့်ရှောက်မှုတွေကိုလဲ သေချာလုပ်ခဲ့ပေးသည့်အပြင် ဝဏကိုလဲအဝေးကစောင့်ကြည့်ဖို့မှာခဲ့သည်.

"ကိုယ်ကျိန်းသေမင်းဆီကိုပြန်လာခဲ့မယ်ကလေးငယ်..ကောင်းမွန်တဲ့ပုံစံမျိုးနဲ့ပေါ့, အဲ့ချိန်ကျရင် ကိုယ်ရယ်မင်းရယ်..မင်းကိုယ်ပွားလေးရယ်.. ပျော်ရွှင်တဲ့ဘဝတစ်ခုကို ကိုယ်ဖန်တီပေးမယ်,

သူမနှဖူးလေးကို ဖွဖွလေးနမ်းပြီး ဆေးရုံအပြင်ကိုထွက်လာခဲ့၏..သူထွက်သွားပြီး မိနစ်ပိုင်းလောက်ကျတော့ ဦးအာဏာတို့ရောက်လာခဲ့သည်

"ဖြစ်မှဖြစ်ရတယ် သမီးရယ်... ဘယ်လိုဖြစ်တာလဲဆရာမရယ်, .

"ကျည်မှန်လာတာပါရှင့် အခုတော့ကလေးရောမိခင်ရော အသက်ဘေးကလွတ်ပါပြီးရှင့် ဖြစ်တာက လွန်ခဲ့တဲ့2ရက်ထဲကပါ..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Tempat cerita menjadi hidup. Temukan sekarang