part 20

8K 155 3
                                    

လှလွန်းသူ သတိပြန်ရလာတော့ သူမဘေးမှာစိတ်ပူစွာဖြင့် လက်လေးကိုင်ပြီး သူမမျက်နှာလေးကိုကြည့်ပြီး စိတ်ပူနေတဲ့ ဘုန်းမင်းခန့်ကို အရင်ဆုံးမြင်လိုက်ရ၏

"သတိရလာပြီးလား ကလေးငယ်,

"အမေတို့ရော,

"ပြန်သွားပြီး ညကတည်းက, သူတို့ရဲ့သားမက်လေးနဲ့သူတို့သမီးလေးကိုစိတ်ချစွာထားခဲ့ပြီး,

"ရှင်နော်"""ဘယ်လိုဖြစ်နေတာလဲ..ကျွန်မအိမ်ပြန်တော့မယ်

"ပြန်မရတော့ပါဘူး"အဝတ်လဲတော့နော်,.ကိုယ်တို့ရဲ့
wedding dayနော်,

ဘုန်းမင်းခန့်ပြောမှ သူ့ရဲ့အကျီကို သူမသေချာကြည့်လိုက်မိသည်,ဟုတ်သားပဲ အနောက်တိုင်းဝတ်စုံနဲ့အတော်လေးကြည့်ကောင်းနေ၏,သူမစိတ်ထဲ.. "ကြည့်ကောင်းလိုက်တာ, ဘယ်လိုတောင်လူကြီးလူကောင်းပီသလိုက်တာ

 "ကြည့်ကောင်းလိုက်တာ, ဘယ်လိုတောင်လူကြီးလူကောင်းပီသလိုက်တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အဟမ်း"ကိုယ့်ယောကျ်ားကို ကိုယ်ပြန်ငေးနေတာလား ကလေးငယ် "

သူမငေးနေတာလူမိသွားတော့ ရှက်ကိုးရှက်ကန်းလေးဖြစ်သွားပြီး

"မဟုတ်ပါဘူး "ရှင့်ပုံစံကိုငေးစရာအကြောင်းမရှိပါဘူး,ဘာလို့ငေးရမှာလဲ,.

"ဟုတ်ပါပြီးဗျာ"မငေးပါဘူး,ကဲ ခဏနေကျရင် မိတ်ကပ်ပြင်ဆရာရောက်လာမယ်...

ဘာမှရွေးချယ်စရာမရှိတဲ့အဆုံး ဘုန်းမင်းခန့်ကိုလက်ထပ်ဖို့ပဲရွေးချယ်ဖို့ကလွဲပီးကျန်တာမရှိတော့ပေ,

"အင်း"

ဘုန်းမင်းခန့် သူမကိုပြုံးပြပြီး အပြင်ကိုထွက်သွားလိုက်၏,,မဂ်လာခန်းမကြီးက ပြည့်စုံရဲ့လားသိချင်တာကြောင့် ထွက်ကြည့်တော့, မနေ့ကသူခိုင်းထားတဲ့အတိုင်း ပိတောက်ပန်းတွေနဲ့အလှဆင်ထားပြီး ခြံတစ်ခြံလုံးလဲ ရွာငံမြို့ကလူတွေနဲ့ပြည့်ပြီးစည်ကားနေသည်..အစကမဂ်လာပွဲကို ပိုက်ဆံရှိလူတန်းစားတချို့ကိုပဲဖိတ်မယ်လို့တွေးထားပေမဲ့ ဘုန်းမင်းခန့် အတွေးပြောင်းသွားပြီး လက်ထပ်ပွဲကို လူတမ်းစားမရွေးလာဖို့ တစ်မြို့လုံးကို သူ့တပည့်တွေကိုကြေညာခိုင်းလိုက်သည်,.

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now