part45

4.2K 131 7
                                    

ဘုန်းမင်းခန့်ကိုမြင်လိုက်တော့ ဒေါ်စင်သီတာ တော်တော်လေးထိန့်လန့်သွား၏ မထင်မှတ်ပဲပေါ်လာတဲ့ လူဆိုတော့ ပြောစရာစကားတောင် ပျောက်ဆုံးသွားပြီး အတော်ကြာအောင်စွံ့နေသည်..

"မင်း..မင်း "..ကိုရေ ကို

ထမင်းစားနေတဲ့ ဦးအာဏာတစ်ယောက် သူ့မိန်းမအော်သံကြောင့် စားလက်စပန်းကန်ကိုပစ်ထားပြီး

"ဘာဖြစ်လို့လဲ မိန်းမ..

"ဟို..ဟိုမှာ

"မဂ်လာပါ ယောက်ခမကြီး.

"မင်း,တောက်စ်..

ဦးအာဏာရဲ့ ဒေါသတွေက ထောင်းကနဲထွက်လာပြီး
တံခါးကိုဆောင့်ဆွဲဖွင့်ကာ ဘုန်းမင်းခန့်ကို စိတ်ရှိလက်ရှိကို ထိုးပါတော့သည် ဘုန်းမင်းခန့်လဲ ဒါတွေကြိုမြင်ထားပြီးသားမို့ ဘာမှပြန်လုပ်ပဲ ငြိမ်ခံနေ၏..

"ခွပ်,ခွပ်.. သေစမ်း ခွေးလောက်မှအဆင့်မရှိတဲ့ကောင် ခွပ်..

"ခင်ဗျားဘာလုပ်တာလဲ ကျုပ်တို့ဆရာကို.. ဖယ်စမ်း လွတ် မလွတ်ရင်ကျုပ်အဆိုးမဆိုနဲ့

ဝဏနဲ့ စိုင်းခွန်တို့ ဦးအာဏာ ကိုချုပ်ဖို့လုပ်တော့..

"မလုပ်နဲ့, ရပ်စမ်း သူ့ဘာသူစိတ်ကြိုက်ထိုးပါစေ ..သူ့အနားကိုဘယ်သူမှမထိနဲ့..

ဦးအာဏာထိုးတာကိုရပ်ပြီး..

"မင်းလာရာလမ်းတိုင်းလစ်လိုက်တော့..ငါ့သမီးအပေါ်လုပ်ခဲ့တဲ့တာတွေအတွက် မင်းကိုငါလက်နဲ့မသတ်လိုက်တာပဲ ကျေးဇူးတင်..

ထိုးတာရပ်သွားတော့ ဘုန်းမင်းခန့် ပါလာတဲ့တစ်ရှုးနဲသူ့မျက်နှာကို သုတ်ပြီး

"ကျုပ်သူ့ကိုထားခဲ့ပြီး နောက်မိန်းမယူတာလဲမဟုတ်ဘူး..

"တော်သင့်ပြီး မောင်ဘုန်းမင်းခန့်,.အမသမီးက ဟင်းရွက်ပစ္စည်းမဟုတ်ဘူး အခုပြန်ပေးလိုက် အခုပြန်လိုချင်လိုက်နဲ့ အမယောကျ်ားရော အမရောဒေါသမထွက်ခင် မင်းလာရာ လမ်းတိုင်းပြန်သွားရင်ကောင်းမယ်..

ဘုန်းမင်းခန့်ကတော့ နားမလည်နိုင်တဲ့အကြည့်တွေနဲ့ သူဒီလောက်စာရေးပြီး သေချာရှင်းပြခဲ့ရဲ့သားနဲ့.. လှလွန်းသူအရမ်းစိတ်ဆိုးတယ်ဆိုကြားကောင်းသေးတယ် သူမမိဘတွေကပါ သူ့ကိုအရမ်းမုန်းတီးရွံရှာနေကြတယ်ဆိုတော့..ဘုန်းမင်းခန့်တစ်​ယောက်တော်တော်လေးအကျပ်ရိုက်သွား၏ သူမှားသွားတာတစ်ခုက ကွာရှင်းစာချုပ်ထည့်ပေးလိုက်တာတစ်ခုပဲ အမှန်ဆို မထည့်ပေးလိုက်သင့်ပေ..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now