part34

4.9K 128 10
                                    

"အကိုလေး""" အကိုလေးမိန်းမက ဘာမြမစားဘူး မနေ့က ကျွန်တော်သွားပေးထားတဲ့ မုန့်တွေရော..

အပင်တွေနဲ့အလုပ်ရှုပ်နေတဲ့ ဘုန်းမင်းခန့် ဒေါသဖြစ်လာ၏ စားစေချင်လို့ သေချာအာရုံစိုက်ပြီးလုပ်ထားပေးတာတောင် သူမကမစားဘူးတဲ့လေ.စိုက်လက်စဟာတွေထားခဲ့ပြီး လှလွန်းသူဆီကိုရောက်လာ၏

"ကဲ.. မင်းကဘာအချိူးလဲ ဒီလိုပဲအခန်းထဲမှာနေမှာလား အစားမစားပဲ , .

"ထြက်သြား,ရှင့်မျက်နှာ မမြင်ချင်ဘူး လူသတ္သမား ,

"အေ ငါကလူသတ္သမား မင်းမိဘတွေပါမသေချင်ရင် ချက်ချင်းအစာထစား,

စိတ်ထဲက မပါပေမဲ့ လှလွန်းသူကခေါင်းအရမ်းမာတဲ့ မိန်းကလေးဖြစ်တာကြောင့် ခြိမ်းခြောက်မှသာ အဆင်ပြေမည်

"ငါပြောနေတာကြားလား ထစားထစားဆိုတာ..မင်းကိုသိပ်စားစေချင်လို့တော့ စိတ်ထဲကမတွေးနဲ့ ဗိုက်ထဲက ငါ့ကလေးအတွက်စိတ်ပူလို့... ငါ့ကလေးသာတစ်ခုခုဖြစ်ရင် မိဘတွေအတွက်..

"မခြိမ်းခြောက်နဲ့..ကွာရှင်းပေးလိုက် ရှင်လဲကျွန်မကိုမချစ်တော့ဘူးဆိုတော့,

"တိတ်စမ်း, အရမ်းကွာရှင်းချင်နေရင် ဒီကလေးမွေးတဲ့ထိ စောင့် ကလေးမွေးပြီးတာနဲ့ ဒီအိမ်မှာ တစ်စက္ကန့်တောင်မထားဘူး.. မင်းလိုဖောက်ပြန်တတ်တဲ့မိန်းမကို.

"ရှင့်စကားတည်ပါစေ, .

ထိုစကားတွေပြောနေရတာဟာ..သူမတို့နှစ်ယောက်လုံး စိတ်ထဲက မပါပေ ဒါပေမဲ့ မာနဆိုတဲ့ တံတိုင်းကြီးကို သူမတို့နှစ်ယောက်လုံးက ခြားလိုက်တာကြောင့် နောက်လဲ အခုလိုဆက်ဖြစ်နေဦးမှာဖြစ်သည်

"ဒါပေါ့ ။စကားမတည်ရင် မင်းလင်တောင်ဖြစ်မလာဘူး...

"ရှင် ဘာစကားပြောတာလဲ,

"မင်းကြားတဲ့တိုင်းပဲ,..မင်းအတွက်နစ်နာကြေးအနေနဲ့ ငါ့ပိုင်ဆိုင်မှုတစ်ဝက်ကို မင်းကိုပေးမယ် ကွာရှင်းပြီးရင်..

လှလွန်းသူ မဲ့ကာရွဲ့ကာနဲ့

"ရှင့်ပိုက်ဆံတွေကို စိတ်မဝင်စားဘူး ကျွန်မမိဘတွေက မွဲပြီး ကုန်းကောက်စရာမရှိလို့ ရှင့်နဲ့ပေးစားထားတာလဲ မဟုတ္ဘူး..စားနိုင်သောက်နိုင်တဲ့မိသားစုက လာတာ..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Dove le storie prendono vita. Scoprilo ora