part49

3.4K 111 8
                                    

"ဟိုနေ့က ကလေးငယ်ရောင်းတာအရမ်းတော်တယ်သိလား,

"ကျွန်မကို ကလေးငယ်လို့မခေါ်ပါနဲ့ ကျွန်မမကြိုက်ဘူး အလုပ်ထဲကတစ်ယောက်ယောက်ကြားသွားရင်လဲမကောင်းဘူး, ကျေးဇူးပြုပြီး ကျွန်မနဲ့ဝေးဝေးနေပါ..

ကားကိုဖုန်တွေသုတ်နေတဲ့ သူမဘေးမှာလူရှင်းနေတာကြောင့် ဘုန်းမင်းခန့်သူမနားကိုကပ်လာခြင်းဖြစ်သည်,

"ကိုယ်တောင်းပန်ပါတယ် ကွာ ကိုယ်မှားသွားတယ် အခုအဲ့အမှားတွေကိုပြန်ပြင်ဆင်ခွင့်ပေးပါ..

"အမှားတွေ,.ပြန်ပြင်ဆင်ခွင့်..

သုတ်လက်စအဝတ်ကိုချလိုက်ပြီး

"ကျွန်မကိုကြည့်, ရှင်ကတော့ လွယ်လွယ်နဲ့ထားသွားပြီး ထွက်သွားလို့ရတာပေါ့:. ကျွန်မ ကျွန်မရဲ့ဒီဗိုက်နဲ့ ဘယ်လောက်တောင် မျက်နှာငယ်ခဲ့ရလဲသိလား, ဒီဗိုက်ကိုပြတဲ့ချိန်ကို ဆေးရုံထဲကိုဝင်ဖို့အတွက်ဘယ်လောက်တောင်အားယူခဲ့ရလဲသိလား ဒီကလေးမွေးချိန် ကျွန်မဘယ်လောက်တောင်ခက်ခဲလဲသိလား ကျွန်မ ကိုပတ်ဝန်းကျင်က ဘာတွေပြောကြလဲရောသိလား သိလား... ရှင်သိလား ကျွန်မဆေးခန်းကိုဗိုက်သွားပြတော့, အမခင်ပွန်းမပါဘူးလားမေးတော့. ကျွန်မဘယ်လောက်တောင် ဖြေဖို့ခက်ခဲလဲဆိုတာသိလား, .ရှင်မသိဘူး ရှင်သိတာမရှိဘူး..အသက်ပေးပြန်သတိလစ်နေတဲ့မိန်းမတစ်ယောက်ပြန်သတိရရခြင်း ရှင့်ကိုတွေ့ချင်တဲ့မျှော်လင့်ချက်..

"ကိုယ်တောင်းပန်ပါတယ် ကိုယ်အတွေးလွန်သွားတာလဲပါတယ် အလုပ်အတွက်အချိန်တွေနှစ်ခဲ့မိတယ်.. ကိုယ်တောင်းပန်ပါတယ်..ကိုယ်လုပ်တယ်ဆိုတာကလဲ ကလေးငယ်နဲ့ကလေးရဲ့ရင်သွေးလေးအတွက်ပါ.

.လှလွန်းသူ မဲ့ပြုံးလေးပြုံးပြီး ဘုန်းမင်းခန့် ကိုစိုက်ကြည့်ကာ

"မလိုဘူး,ကျွန်မကိုထားခဲ့ပြီး လုပ်ပါလို့ပြောမိလား,.ပြောမိလားရှင့်ကို ပြောမိလား ဦးဘုန်းမင်းခန့်, .ရှင်ကိုယ်တိုင် ကျွန်မကို ရှင့်ဘဝထဲခေါ်သွင်းခဲ့တာလေ.. ရှင်က ဒီလိုအလုပ်အကိုင်လုပ်တယ်မှန်းမသိရက်ကျွန်မကိုခေါ်သွင်းခဲ့တာလေ..ရှင်ကအမျိုးမျိုးပဲလိုချင်တော့လဲရှင်ပဲ မလိုချင်တော့လဲ ရှင်ပဲ..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Onde as histórias ganham vida. Descobre agora