part 38

5.4K 159 21
                                    

ဆေးရုံရောက်တာနဲ့ သွေးတွေနဲ့ လှလွန်းသူကိုပွေ့ပြီး

"လာကြပါဦး ဘယ်ရောက်ကုန်ပြီးလဲ ဆရာဝန်တွေ..

အသံကျယ်ကြီးဖြင့်အော်မှ ဆရာဝန်တစ်ခုထွက်လာပြီး လူနာအခြေနေကိုကြည့်တော့ အဆင်မပြေတာကြောင့် ခွဲစိတ်ခန်းထဲတန်းဖို့ပြင်ဆင်ကြသည်.

"လူနာက ကျည်မှန်လာတာလား..

"ဟုတ်တယ် လုပ်ပါဦး ကျုပ်မိန်းမကိုကယ်ပါဦး စကားမပြောတော့ဘူး သွေးတွေနဲ့တစ်ခုခုလုပ်ပါဦး..

သွေးရူးသွေးတမ်းနဲ့အရူးတစ်​ယောက်လိုငိုယိုပြီး တောင်းပန်နေတဲ့ ဘုန်းမင်းခန့် ပုံက လုံးဝတခြားသူတစ်ယောက်လိုပင်

"စိတ်အေးအေးထားပါဦး လူကြီးမင်း ဒီမှာလက်မှတ်လေးတစ်ချက်လောက်ထိုးပေးပါဦး

ကမန်းကတန်း ဖောင်တိန်ကိုကိုင်ပြီး လက်မှတ်ထိုးလိုက်၏ အရေးပေါ်လူနာမို့ ဆရာဝန်တွေက ချက်ချင်းခွဲစိတ်နေ၏ ဘုန်းမင်းခန့်ကတော့ ခွဲစိတ်ခန်းအရှေ့မှာ

"ဘာလို့လဲကွာ.. ဘာလို့လဲ မင်းမုန်းပါတယ်ဆိုတဲ့ကောင်ကိုအသက်ပါပေးရဲတဲ့ထိ လုပ်ရတာလဲ ကိုယ့်ကိုရူးအောင်လုပ်နေတာလားကွာ.. ကျေးဇူးပြုပြီးအသက်ရှင်ပေးပါ မင်းမကြိုက်တဲ့ဒီအလုပ်ကိုလဲစွန့်ပစ်ပါ့မယ် ကျေးဇူးပြုပီး အသက်ရှင်ပေး​ပါကွာ....

ခွဲစိတ်ခန်းအရှေ့မှာ အရူးတစ်ယောက် လိုပဲ ဒူးကြီးထောက်ပြီး နာရီပေါင်းများစွာ ငိုယိုပြီး အသက်ရှင်တစ်ဖွဖွသတိပေးတဲ့ ဘုန်းမင်းခန့်အဖစ်က.. ပူလောင်ရလွန်းသည်...

"ကိုယ့်အနားကမထွက်သွားပါနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်ကလေးငယ် ကိုယ်ရူးရလိမ့်မယ် မင်းမရှိရင်.. အသက်လဲမရှင်နိုင်တော့ဘူး... ကိုယ့်အသက်ကမင်းမို့..ကျေးဇူးပြုပြီး..

သူစကားမဆုံးခင်မှာပဲ ခွဲစိတ်ခန်းတံခါးကြီး ပွင့်လာခဲ့သည်...

"ခင်ဗျားမိန်းမရော ကလေးရောစိတ်ချလို့ရပါပြီး ကျည်က ညာဘက်ရင်ဘက်ဘေးကိုဖောက်ဝင်သွားတာမို့ စိုးရိမ်စရာမရှိတော့ပါဘူး.. တော်သေးတယ်ဆေးရုံကိုအမြန်ဆုံးရောက်လာလို့ ဒီထပ်နောက်မယ်ဆိုရင် ကျည်ကြောင့် ဒုက္ခမရောက်ပဲ သွေးထွက်လွန်ပြီး ဒုက္ခရောက်နိုင်တယ်..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now