part 21🔞

17.8K 193 4
                                    

တစ်နေ့လုံး ထိုဂါဝန်ကြီးနဲ့နေနေရတာမို့ လှလွန်းသူတစ်ယောက် အတော်လေးအနေကျပ်တာကြောင့် သူမမိဘတွေပြန်သွား သူမရဲ့အဝတ်တွေလာပို့ဖို့မှာလိုက်ပေမဲ့ ဘုန်းမင်းခန့်က အိမ်မှာ သူမအတွက်အဝတ်တွေကို ကြိုဝယ်ထားပြီးသားပြောတာကြောင့် သူမမိဘတွေ အိမ်ပြန်နားကုန်သည်, ဘုန်းမင်းခန့်ပြောတဲ့အတိုင်းဗီရိုကိုဖွင့်ကြည့်တော့ ဒူးဖုံးဂါဝန်​လေးတွေနဲ့ ဗီရိုတစ်ခုလုံးပြည့်နေသည်,သူမဝတ်နေကျက ထဘီနဲ့ဘောင်းဘီအပွ အကျီအပွတွေသာ ဖြစ်သောကြောင့် ထိုဂါဝန်တွေနဲ့သူမဘယ်လိုလဲရမလဲ..ဘယ်လိုဝတ်ရမလဲ,စိတ်ကပိုတိုလာ၏

"ရှင့်ရဲ့ဗီရိုထဲမှာ အဲ့ဂါဝန်တွေကြီးပဲလား,

"ဟုတ်တယ်လေ"

"ကျွန်မ ဘယ်လိုဝတ်ရမှာတုန်း ဂါဝန်တွေမကြိုက်ဘူး, အိမ်ပြန်လိုက်ပို့ပေး,အဝတ်တွေပြန်ယူမလို့,

"ဒါပဲဝတ်:ကလေးငယ်က ဂါဝန်လေးနဲ့ ဆံပင်အရှည်ကြီးကို ချထားတာကအရမ်းလှတယ်, ထဘီကြီးနဲ့ဆံပင်ကြီးထုံးပြီး အဖွားကြီးလို မနေပါနဲ့

"ကျွန်မဘာကျွန်မ ကြိုက်သလိုနေမယ် ရှင့်အပူမပါဘူး,

မျက်နှာဆူပုပ်ပြီး သူ့ကိုရန်လိုနေတဲ့ သူ့ဇနီးလေးကို အတင်းဖက်နမ်းချင်စိတ်တွေ ဖြစ်လာပေမဲ့ သူမကြောက်သွားမလားဆိုတဲ့ အသိစိတ်ကြောင့်, စိတ်ကိုမနည်းထိန်းနေရ၏,.သူမတို့စကားပြောနေချိန်, ဖုန်းအဝင်callတစ်ခုဝင်လာ၏,သူမဖုန်းကိုကြည့်တော့,

❤ကုသ❤

သူမအတွေးထဲ,ဟင် သူကဘာလို့ဖုန်းခေါ်တာလဲ ငါ့ကိုအခုချိန်မှ,.. ဘုန်းမင်းခန့် အရှေ့မှာ ဖုန်းပြောလို့ မသင့်တော်တာကြောင့်

"ဒါရှိရင် ဒါပဲဝတ်တော့မယ်,

"ဖုန်းခေါ်နေတာဘယ်သူလဲ"

"ဘယ်သူမှ မဟုတ်ဘူး,အကျီလဲဦးမယ်,.

သူမ ဂါဝန်တစ်ထည်ကိုဆွဲယူပြီး သန့်စင်ခန်းထဲကို ကပြာကယာပြေးသွား၏,ဘုန်းမင်းခန့်လှမ်းဆွဲပေမဲ့ မမှီလိုက်...

"ဘာကိစ္စလဲ,

"လှလွန်းသူ တံခါးဖွင့်စမ်း..ဒုန်း..ဒုန်း..ဖုန်းဆက်လာတာဘယ်သူလဲ..ငါတံခါးဖွင့်လို့ပြောနေတယ်လေ..တံခါးဖွင့်..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now