part 19

7.8K 158 4
                                    

"ကလေးငယ်"

"မခေါ်နဲ့ နားခါးတယ်"

"ကိုယ့်စကားနားမထောင်ဘူးလား,

ဘုန်းမင်းခန့် ခြိမ်းခြောက်သံကြောင့် သူမစကားတွေကိုချက်ချင်းပြင်လိုက်ရ၏,

"ပြောစရာရှိတာ ပြော..

"ခဏနေကျရင် "ကလေးငယ်ရဲ့ မိဘတွေရောက်မယ်,ကလေးငယ်ရဲ့ သူငယ်ချင်းလဲလာမယ်,

ကလေး,ကလေးဆိုပြီး ပါးစပ်ကမချပဲခေါ်နေတဲ့ ဘုန်းမင်းခန့်ကို လှလွန်းသူ လည်ပင်းညှစ်ချင်စိတ်တွေ တဖွားဖွားပေါ်နေပေမဲ့ စိတ်ကိုထိန်းလိုက်ရ၏
သူပြောတဲ့စကားကို နာခံပြီး သူပေးထားတဲ့အဝတ်အစားတိုင်း ပြင်ဆင်လိုက်သည်,ဘုန်းမင်းခန့်ကသူမကိုတော်တော်ချစ်တယ်လို့တောင် ပြောရသည်,သူမဝတ်မဲ့ဘော်လီကအစ ဆိုဒ်ကိုသေချာဝယ်နိုင်သည် ထဘီနဲ့အကျီကလဲ အဝါရောင်လေး,ပိတောက်ပန်းအတုလေးပါထားထားတွေ့တော့ လှလွန်းသူတစ်ယောက် တော်တော်အံ့သြသွားသည်
ဒါပေမဲ့ ဘုန်းမင်းခန့်ကိုထုတ်မပြောပေ.

"လှလိုက်ကွာ,ကိုယ့်အချစ်လေးက

"အပိုတွေလာမပြောနဲ့, ဘယ်မှာလဲ ကျွန်မမိဘတွေ,

အဆင်သင့် ဧည့်ခန်းမှာစောင့်နေတဲ့ သူမမိဘတွေဆီကိုခေါ်သွားလိုက်၏

"မေမေ,ဟီး,.ဖေဖေ..

ရုတ်တရပ်ပြေးဖက်ပြီး ငိုတဲ့ သူတို့သမီးကြောင့် ဦးအာဏာတို့လဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့..

"ဘယ်လိုဖြစ်တာလဲ"သမီးရယ်...မကြာခင် အိမ်ထောင်သည်ဖြစ်တော့မှာလေ..ကလေးလေးကျနေတာပဲ..မေမေ့သမီးလေးက

"သမီးသူ့ကိုမယူချင်ဘူး"ဟီး,.သူ့ကိုမကြိုက်ဘူး,.

"သမီး,ဘယ်လိုစကားမျိုးလဲ ဒါက"အဖေတို့လူကြီးတွေကို အရှက်ရစေချင်နေတာလား ယောကျ်ားတစ်ယောက်နဲ့တူတူနေပြီး မယူချင်ဘူးဆိုတော့,တောက်စ်ဟာ..ကွာ..

ဦးအာဏာဒေါသထွက်ပြီး အော်လိုက်တာကြောင့် လှလွန်းသူလေး ကုတ်ကုတ်လေးဖြစ်သွား၏,သူမအဖေကဒီလို ဒေါသထွက်တာ မမြင်ဖူးတာကြောင့်

"သမီးတုံလော...သမီးသူငယ်ချင်းကို ခဏလောက်အပြင်ခေါ်သွားပေးပါဦး, အန်တီတို့ မောင်ဘုန်းမင်းခန့်နဲ့တိုင်ပင်စရာလေးရှိလို့,

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now