part12

8.9K 157 5
                                    

"သမီးလေး ဘယ်လိုဖြစ်တာလဲ_ငါ့မောင်,.သတိမရသေးဘူးလား,နင့်အကိုလဲ စိတ်ပူနေတာ ခြံထဲအရေးကြီး ကိစ္စရှိလို့နေခဲ့တယ်

ဒေါ်စင်သီတာကိုကြည့်ရတာ အတော်လေးစိတ်ပူနေပုံရ၏,.ရောက်ရောက်ချင်း သူမသမီးလေးကိုပြေးဖက်ပြီး လှုပ်နေတာမြင်ရတာကြောင့် ဘုန်းမင်းခန့်လဲ...သူလုပ်ခဲ့တာ နောင်တနည်းနည်းရလာသည်..

"ခဏနေသတိရမယ်တဲ့"ဆရာဝန်ပြောတယ်,သူဘာပြောလဲဆိုတာ ကျုပ်လဲမသိဘူး,ကားပေါ်မှာမူးလဲသွားတာတွေ့လို့ ဆေးရုံခေါ်လာပေးတာ"

"ကျေးဇူးပါ ငါ့မောင်ရယ် "အမ သမီးလေးသတိရလာရင်စားဖို့ တစ်ခုခုဆင်းဝယ်ဦးမယ်,ငါ့မောင်ရော ဘာစားမလဲ..

"ကျုပ်မစားတော့ဘူး,

ဘုန်းမင်းခန့်ကအရင်တည်းက လူတွေသိပ်ရောလေ့မရှိတော့ စကားပြောတာက ရိုင်းသလိုဖြစ်နေ၏,.ဒါပေမဲ့,..ဒေါ်စင်သီတာကတော့ သူရိုင်းတာကို စိတ်ထဲ သိပ်မထားတာကြောင့် စကားပြောရတာ.. ထင်သလောက်မဆိုးပေ,.

သူမသွားပြီး 5မိနစ်လောက်ကြာတော့ လှလွန်းသူ သတိပြန်ရလာသည်

"မင်းသတိရပြီးလား,

သတိရရလာခြင်း သူမုန်းတဲ့အသံကြီးက အရင်ကြားရတာကြောင့်

"ရှင်ဘာလုပ်နေတာလဲ "ကျွန်မကို ဘယ်နေရာခေါ်တာလဲ,

"မင်းကိုခိုးလာတာ,..

သေချာမကြည့်ပဲ သတိရရလာခြင်းသူ့ကိုရန်တွေ့နေတဲ့ လှလွန်းသူကိုအမြင်ကပ်တာကြောင့် ပါးစပ်ထဲ ရှိရာကိုပြောလိုက်ခြင်းဖြစ်သည်..

"ရှင့်ကိုရဲတိုင်မယ် "အလိုမတူပဲခိုးယူပေါင်းသင်းမှုနဲ့ အမေနဲ့လဲတိုင်မယ် အဖေနဲ့လဲတိုင်မယ်။

"တိုင်စရာဘာကျန်သေးလဲ,.မင်းရောက်နေတဲ့နေရာကိုလဲ သေချာပြန်ကြည့်ဦး,

အဲ့လိုမှ သူမသေချာပြန်ကြည့်မိသည်..

"ဒါ,.ဒါက ဆေးရုံလား,.

"ဟုတ်တယ်"

အခုမှပဲ သူမစိတ်ဆေးရတော့၏"သူမရောက်နေတာဆေးရုံဆိုတော့ သူမအတွက်လုံခြုံပြီးလို့တွေးလိုက်သည်

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now