part 16

7.3K 135 4
                                    

အခုဆိုရင် မင်းကုသပြန်သွားတာ 3ရက်တောင်ရှိပြီးဖြစ်သည်,သူမကိုဖုန်းလဲမဆက်  သူမဆက်တော့လဲ ဖုန်းဆင်းကဒ်လဲထားတာကြောင့် ဖုန်းမဝင်,

"သမီးကိုအဖေတို့ ပြောစရာရှိလို့,လာပါဦး..

ဒေါ်စင်သီတာနဲ့ဦးအာဏာပြောတဲ့စကားကိုနားထောင်ဖို့ ဖုန်းကြည့်နေတာကို ရပ်လိုက်သည်,

"ဟုတ်တယ်အမေလဲပြောစရာရှိတယ်...

"ဟုတ်ကဲ့"သမီးနားထောင်နေတယ်..

"သမီးနဲ့မောင်ဘုန်းမင်းခန့်ကို လက်ထပ်ဖို့အတွက်  ဘယ်လိုသဘောရလဲ,

"ဟုတ်တယ် အမေလဲသိချင်တယ်,.

ရုပ်တရပ်ကြီးထပြောလာတဲ့ စကားကြောင့် လှလွန်းသူ ကြောင်တောင်တောင်လေးဖြစ်သွားသည်,

"သ..သမီးနဲ့သူက ဘာမှမပတ်သက်ဘူး,

"ဘယ်လို"သမီးရယ် စိတ်ကစားတာကမကောင်းဘူး,သမီးကို မောင်ဘုန်းမင်းခန့် အဖေကတော့ သဘောတူတယ်,

ဦးအာဏာက ရှယ်သဘောတူနေတော့ ဘာပြောလို့ဘာပြောရမယ်မှန်းလဲမသိတော့,.ရည်းစားရှိတယ်လို့ပြောဖို့ကလဲ သူမမှာ မူးလို့တောင်ရူစရာမရှိပေ။

"ကိုရယ်။သမီးကို အတင်းကျပ်မလုပ်ပါနဲ့ သမီးလေးမကြိုက်ရင်မယူပါစေ,.

ဒေါ်စင်သီတာကတော့ အစတည်းက ဘုန်းမင်းခန့်နဲ့သဘောမတူချင်တာကြောင့် သူမသမီးဖြစ်တဲ့လှလွန်းသူကလဲ မယူချင်ဘူးပြောတော့ အတော်ပဲဖြစ်သွားသည်,

"မဟုတ်ဘူး,မိန်းမရဲ့,.သမီးလေးက မောင်ဘုန်းမင်းခန့်နဲ့ဆိုရင် အရာရာစိတ်ချရတယ်လို့ ကိုမြင်တယ်,

ငြင်းခုံနေတဲ့ ဦးအာဏာနဲ့ဒေါ်စင်သီတာတို့ကို ဧည့်ခန်းမှာထားခဲ့ပြီး တုံလောတို့အိမ်ကိုလစ်ထွက်လာခဲ့လိုက်သည်,

"ဒေါက်...ဒေါက်,..ဒေါက်...

"အော်"သမီးပါလား,..ဝင်လာလေ..လွန်း။..အခန်းထဲမှာသမီးသူငယ်ချင်းရှိတယ်,.

"ဟုတ်,နေကောင်းလား အန်တီ..

"ကောင်းပါတယ်ကွယ်,.အန်တီတို့လဲ သမီးအမေဆီသွားမလည်ဖြစ်တာတောင်ကြာလှပြီး..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Место, где живут истории. Откройте их для себя