part 30

5.6K 134 4
                                    

"ကလေးငယ်"ထတော့လေ..လိမ္မော်​ခြံကိုသွားမယ်ဆို မနေ့ကမိဘတွေကိုပြောထားပြီးတော့

"ဟင်း..ဟုတ်သားပဲ"ဘယ်နှစ်နာရီထိုးသွားပြီးလဲ Daddy.

ဘုန်းမင်းခန့်ပြောမှသာ ကျပာကယာ ကြုံးထပြီး အိပ်ချင်မူးတူးနဲ့ အိပ်ယာပေါ်ကဆင်းဖို့လုပ်တော့..
ကိုယ့်ကိုယ်ပြန်ကြည့်တော့ တကယ့်ရုပ်ပျက်ဆင်းပျက်..ဆံပင်ကလဲအရှည်ကြီးဆိုတော့ ပွရှုပ်ပြီး ကိုယ့်ကိုတောင်မှန်နဲ့ကြည့်ဖို့အဆင်မပြေ..အဲ့အခြေနေကြောင့် သူမငိုင်သွား၏

"ဘာဖြစ်လို့လဲ ကလေးငယ်..အဝတ်သွားလဲတော့လေ..အဖေတို့စောင့်နေလိမ့်မယ်

"ဟို...ဟို လွန်းကို မချစ်နိုင်တဲ့တော့တဲ့တစ်နေ့ကျရင် ပြောနော်..

သူမလေးဆီက သိမ်ငယ်သလိုဖြစ်စကားလေးကြားရတာကြောင့် ဘုန်းမင်းခန့် မျက်နှာပျက်သွား၏..

"ဘာလို့ အဲ့လိုစကားပြောတာလဲ ကိုယ်ကကလေးငယ်ကို မချစ်တော့ဖို့ လက်ထပ်ထားတာမှမဟုတ်တာ ..ဒီဘဝတင်မဟုတ်ဘူး နောက်ဘဝထိပါ ချစ်ရရင်ဆက်ချစ်နေမှာ.

"ဒါပေမဲ့ လွန်းရဲ့ပုံစံက............

"ရှူ”””အနာဆာရှိတိုင်းသာ ထားခဲ့ရမယ်ဆိုရင် ကလေးငယ်ရဲ့ မိဘတွေ အခုထိ... တူတူရှိနေမှာမဟုတ်ဘူး..တော်ပြီးကွာ ရေချိုးတော့ ကိုယ်မနက်အစောကြီး ခမောက်လေးဝယ်ခိုင်းထားတယ် ဝဏကို..

"ဟုတ်,

သူမရေချိုးခမ်းထဲဝင်သွားပြီး ရေကပြာကယာချိုးပြီး အမြန်ရေချိုးခန်းထဲကထွက်လာ၏..ဒီတခါ သူပြင်ထားပေးတဲ့ ဂါဝန်လေးက အရှည်လေး ခမောက်လေးနဲ့

"ဝတ်လိုက် ကလေးငယ်,

"အပြင်ထွက်လေး Daddy, လွန်းအဝတ်လဲမလို့..

"ဟောဗျာ..ဒီကလေးမကတော့ မရှက်ပါနဲ့ဆိုတာ..

"ရှက်မှာပဲ daddy လိုရှက်ကြိုးပျက်နေတာမှမဟုတ်တာ..ဟင်..ဘာလုပ်တာလဲ ပြန်ချ..ငိုလိုက်မှာ

လှလွန်းသူရဲ့ဘော်လီလေးကို ယူပြီး သူမနားကပ်လာကာ

"ဟုတ်ပါတယ် ဒီကလူကြီးကရှက်ကြောပျက်နေတာပါ..ဒါကြောင့် ဒီကလူကြီးပဲ အဝတ်လဲပေးပါရစေ..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Onde histórias criam vida. Descubra agora