part 3

11.6K 275 9
                                    

"ကျောင်းမတတ်ချင်တော့ဘူး မေမေနဲ့ဖေဖေ, လွန်း ကျောင်းတတ်ရတာမုန်းတယ် စာဒီလောက်တတ်ရင်ရပြီး လွန်းအတွက်,

သူမမိဘတွေက သူမကို ကျောင်းသွားဖို့တိုက်တွန်းပေမဲ့ သူမကတော့ ကျောင်းမတတ်ချင်တော့တာကြောင့် အတင်းငြင်းဆန်နေသည်

"သမီးရယ် ကျောင်းလေးတော့ တတ်လာလိုက်ပါနော် သမီးဖွားဖွားက သူ့လိုဖြစ်မှာအရမ်းဆိုးတာ သူမသေခင် မေမေသူ့သားနဲ့ယူတုန်းက မေမေကိုပညာတတ်အောင်ဆိုပြီး လင်ယူပြီးတာတောင် ကျောင်းထားပေးတာဆက်ပြီး,.

"ဒါပေမဲ့ သမီးမှကျောင်းမတတ်ချင်တာလေ,,သမီးအမေတို့နဲ့တူတူ လိမ္မော်ခြံပဲ ကူလုပ်ပေးမယ်.

.ဦးအာဏာကအစကတည်းက ဒီနယ်မြေလေးမှာ လိမ္မော်ခြံလေးနှစ်ခြံရှိပြီးသားဖြစ်သည် သူမတို့တွေက အရမ်းချမ်းသာတဲ့ မိသားစုမဟုတ်ပေမဲ့ ဇိုင်းရဲ့အမွေတွေရှိတာကြောင့် သူတို့မိသားစုလေးကအတော်အသင့် စားနိုင်သောက်နိုင်လောက်ပိုက်ဆံရှိကြသည်..

"ကိုရေ။လိမ္မော်ခြံသွားတော့မလို့လား,

"ဟုတ်တယ် ကို့မိန်းမလေး,မိန်းမက အိမ်မှာ ကိုထမင်းစားဖို့ဟင်းကောင်းကောင်းလေးချက်ထားနော်,ကိုကဒီရွာက လူတွေကိုပဲ ခြံအလုပ်သမား ငှားလိုက်ပြီး,..

"ကောင်းတာပေါ့ ကိုရဲ့,တစ်ရွာတည်းက လူတွေပဲဆိုတော့ စည်းစည်းလုံးလုံး လုပ်ကိုင်လို့ရတာပေါ့,

အရင်က ဦးအာဏာ သူတို့နေတဲ့မြို့ကလူတွေကို လိမ္မော်ခြံအလုပ်သမားဖြစ်ခေါ်သည် အခု ထိုအလုပ်သမားများကိုဖြုတ်လိုက်ပြီး ရွာထဲက အလုပ်လိုအပ်သူတွေကို ခြံအလုပ်သမားအဖြစ်ခေါ်သည်,

"သမီးလေးကိုလဲ ခေါ်သွားဦးလေး,သူက ကိုနဲ့အလုပ်တူတူအလုပ်လုပ်ချင်လို့တဲ့,

"ဘယ်လို, ကျောင်းမသွားဘူးလား,သမီး,ဟမ်း,ကျောင်းမသွားဘူးလားလို့,

သူမအဖေရဲ့စကားတွေကအနည်းငယ်မာန်ပါနေတာကြောင့် တုန်လှုပ်မိတာ၏ ဒါကြောင့်...

"ဟု...ဟုတ်..ဖေဖေ..သမီးကျောင်းမတတ်ချင်တော့ဘူး...အဖေ့အလုပ်ပဲ ကူလူပ်ပေးပါရစေ,.

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now